Homeမွနျမာသတငျးလှိုင်းဘွဲ့တံတားဟောင်း ကျိုးကျ ဆက်သွယ်ရေး ပြတ်တောက်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က အများပြည်သူသုံးသံတံတား မနေ့ည ၉နာရီကျော်မှာ အလိုအလျောက် ကျိုးကျသွားတယ်လို့ လှိုင်းဘွဲ့မြို့ခံတဦးက ပြောပါတယ်။

ဒီတံတားဟာ သက်တမ်းနှစ် ၁ဝဝကျော်ပြီဖြစ်လို့ ဟောင်းနွမ်းပြီး ကျိုးကျသွားတာ လို့ ဆိုပါတယ်။
တံတားကျိုးကျသွားလို့ ဖြတ်သန်းသွားလာရေးအတွက် ယာယီတံတားတခုကို အာဏာပိုင်တွေက အရေးပေါ် ဆောက်လုပ်နေပြီး ကျိုးကျသွားတဲ့ တံတားဟောင်းကို လည်း ပြုပြင်သွားမှာလို့ သိရကြောင်း လှိုင်းဘွဲ့မြို့ခံက ပြောပါတယ်။ တံတားကျိုးကျမှုကြောင့် လူ ထိခိုက်၊ သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။
ကျိုးကျသွားတဲ့တံတားနဲ့အတူ ဆက်သွယ်ရေး ကေဘယ်လိုင်းကြိုးတွေလည်း ပြတ်တောက် ပျက်စီးသွားလို့ ကရင်ပြည်နယ်ဆက်သွယ်ရေးရုံးက တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းဆောင်ရွက် နေတယ်လို့လည်း သတင်းရရှိပါတယ်။