DVB Logo
Home
မြန်မာသတင်း
မြေအောက်ရေ သုံးစွဲမှုကြောင့် ရေအရင်းအမြစ် ဆိုးကျိုးများဖြစ်ပေါ်နိုင်
DVB
·
September 22, 2016
မြေအောက်ရေ သုံးစွဲမှုကြောင့် ရေအရင်းအမြစ် ဆိုးကျိုးများဖြစ်ပေါ်နိုင်
Donate to DVB

မြေအောက်ရေ သုံးစွဲမှု ၇၀ ရာခိုင်နှုန်းကျော်လောက်ရှိတဲ့  ရန်ကုန်မြို့မှာ မြေကျွံကျမှုနဲ့ ရေအရင်းအမြစ်နဲ့ ဆိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်   မြေအောက်ရေကို အလွန်အကျွံ မသုံးစွဲဖို့ ပညာရှင် တချို့က သတိပေးပြောဆိုလိုက်ပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက   တနေ့ကို ရေဂါလံ သန်းနှစ်ရာကျော် ပေးဝေနေပေမယ့်  ရေသုံးစွဲမှုမှာ လုံလောက်မှုမရှိတာကြောင့် မြေအောက်ရေ သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြိုမှာ လူဦးရေရဲ့  ၅၀ ရာခိုင်နှုန်းကျော်လောက်က မြေအောက်ရေ သုံးစွဲမှုတွေ ရှိနေနိုင်တာကြောင့် ဒီလိုမျိုး  မြေအောက်ရေကို အလွန်အကျွံ မသုံးစွဲသွားမယ်ဆိုရင် မြေကျွံကျမှုနဲ့ ရေအရင်းအမြစ်နဲ့ ဆိုင်တဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာကြောင့်   မြေအောက်ရေကို အလွန်အကျွံ မသုံးစွဲဖို့  ပညာရှင်တဦးက   သတိပေးပြောဆိုထားပါတယ်။

ပညာရှင်တဦးဖြစ်သူ ဒေါက်တာကျော်လတ်က “သုံးရင် ဘာဖြစ်လဲဆိုတော့ တစ်က အောက်ကနေပြီးတော့ ဆားငန်ရေ လိုက်လာတတ်တယ်။ နောက်တခုက water level လို့ ခေါ်တယ်။ အခု ရေတူးလိုက်ရင် ဆိုကြပါစို့၊ ဆရာတို့ ဒီနားမှာဆိုရင် ရေကို ၅ ပေလောက်တူးရင် ရေထွက်တယ်။ ဒါပေမယ့် မြေအောက်ရေကို သုံးတာများလာရင် ၁၀ ပေလောက်တူးမှ ထွက်မယ်ဆိုတဲ့ ပြဿနာတွေလည်းရှိတတ် တယ်။ ပိုပြီးတော့ဆိုးတာက မြေအောက်ရေကို အရမ်းအရမ်းသုံးရင် ကြာလာရင် အဲဒီမြေကြီးရဲ့ level ပေါ့နော်။ အမြင့်က ဖြည်းဖြည်းချင်း နိမ့်ကျသွားတတ်တယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် မြေအောက်ရေကို မသုံးသင့်ဘူး” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်မှာ အိုးအိမ်ဦးစီးဌာနနဲ့ ဆောက်လုပ်ရေး ၀န်းကြီးဌာနတို့ ပူးပါင်းပြီး  မြေအောက်ဥပဒေကြမ်း ရေးနေတာရှိပါတယ်။

ဥပဒေကြမ်းမှာ  မြေအောက်ရေထုတ်ယူ သုံးစွဲမှုကို ကြည့်ပြီး မြေအောက်ရေကို  ပြန်လည်ဖြည့်သွင်းဖို့ကိစ္စပါ ထည့်သွင်းဖို့ လိုအပ်တယ်လို့ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲဝင် တဦးကပြောပါတယ်။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေး အတွင်းရေးမှူး ဒေါက်တာ ခင်နီနီသိန်းက “ရေကြောတွေကပေါ့နော်၊ အဲဒီလို ရေဆိုးတွေ ၀င်တာဖြစ်ဖြစ်၊ ရေငန်ဝင်တာဖြစ်ဖြစ် အဲလိုမျိုး ပျက်စီးသွားပြီပေါ့နော်။ မြေအောက်ရေကြောက ရေရဲ့အရည်အသွေး ပျက်စီးသွားပြီဆိုရင် ပြန်ကောင်းဖို့က မလွယ်တော့ဘူး။ ပြန်ပြီးတော့လည်း သန့်စင်လို့ မရဘူး။ ဒီမြေအောက်ရေကို ပြန်လည်ဖြည့်ပြီးတော့ သူ့ရဲ့ ပြန်လည်ပြည့်မြဲ စွမ်းအင်တခုရဲ့ နှုန်းထားကို ကြည့်ပြီးတော့မှ ဒီမြေအောက်ရေကို သုံးစွဲသင့်ပါတယ်ဆိုတဲ့အကြောင်း ဒီဥပဒေမှာ ထည့်ဖို့ လိုအပ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက် နေ့ နေပြည်တော် ဒုသမ္မတရုံးမှာ  ကျင်းပခဲ့တဲ့  ပထမအကြိမ် ရေအရင်းအမြစ်ကော်မတီ  ညှိနှိုင်းအစည်အဝေးပွဲမှာ ရေနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေနွေးခဲ့ရာမှာ  မြေအောက်ရေကို အဓိကထားပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့မှာ အ၀ီစိတွင်းတူးမယ်ဆိုရင် စည်ပင်သာယာခွင့်ပြုချက်ယူတူးရမှာ ဖြစ်ပေမယ့် လက်ရှိမှာ အသိမပေးဘဲ ခိုးတူးနေတာတွေလည်း ရှိပါတယ်။

သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013