DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အမျိုးသမီးများအား အကြမ်းဖက်မှု ရပ်တန့်ပေးရန် စီတန်းလှည့်လည်
DVB
·
September 22, 2016
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် အမျိုးသမီးများအား အကြမ်းဖက်မှု ရပ်တန့်ပေးရန် စီတန်းလှည့်လည်
1 / 7
Donate to DVB

စစ်တွေမြို့ရခိုင်အမျိုးသမီးများ အစည်းအရုံး (RWU) ကဦးဆောင်ပြီး ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးတွေကို အကြမ်းဖက်မှု ရပ်တန့်ပေးဖို့အချက်အပါအဝင် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ အမျိုးသမီး အခန်းကဏ္ဍမြင့်မားရေးတို့ အတွက် စီတန်းလှည့်လည်ခဲ့ကြပါတယ်။

ရခိုင်အမျိုးသမီး အစည်းအရုံး ဒုဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူက “အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကျရောက်တိုင်းမှာ ကျမတို့ ၂၀၁၂ နှစ်ကပင်စလို့ ရခိုင်အမျိုးသမီးများ အစည်းအရုံးကနေ လုပ်ဆောင်ခဲ့ပါတယ်။ အခုပြည်တွင်းကို ရောက်လာတဲ့အခါမှာ နှစ်စဉ်နှစ်တိုင်း ကျင်းပါတယ်။ ဒီလို့နေ့မျိုးတရပ်ရှိတယ်ဆိုတာ အများပြည်သူတွေ သိရှိနိုင်ရေးအတွက် အခုလုပ်ဆောင်ရတာဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေနေ့ ကျမတို့မြန်မာပြည်သူ/ သားနဲ့လည်း သက်ဆိုင်တဲ့နေ့ဖြစ်နေတာကြောင့် စီတန်း လမ်းလျှောက်တာပါ။ နောက်တခုက အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးတွေကို အကြမ်းဖက်မှု ရပ်တန့်ပေးဖို့အချက် အပါအဝင် အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးနဲ့ အမျိုးသမီး အခန်းကဏ္ဍမြင့်မားရေးတို့ စီးတန်းလှည့်လည်တာပါ။”

ဒါအပြင့် ဒီနေ့ရက်ကို အကြောင်းပြုပြီး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖြစ်စဉ် ဖြစ်ပေါ်နေမှုအပေါ် အနှစ်သာရရှိတဲ့ ငြိမ်ချမ်းရေဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုလိုအပ်ချက်တွေ ရှိနေသလဲဆိုတာကို အများပြည်သူတွေ သိရှိနိုင်ရေး လုပ်ဆောင်တာဖြစ်သလို့ ရခိုင်ပြည်နယ်အတွင်းက နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ ပညာရေး စတဲ့ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို သိရှိနိုင်ဖို့အတွက် လုပ်ဆောင်တာလို့ သူမကပြောပါတယ်။

စီးတန်းလှည်လည်ရာမှာ ပါဝင်သူ စောခင်အေးသွယ်က “ရခိုင်ပြည်နယ်မှာ အမျိုးသမီးတွေ အိမ်တွင်း အကြမ်းဖက်ခံနေရတုန်းပါပဲ။ ဒီလိုလာတိုင်တာ တစ်နေ့ကို တမှုလောက်ရှိတယ်။ ဖြေရှင်းပေးနိုင်တဲ့အမှုတွေရှိသလို ဒီအတိုင်း ရပ်ထားရတဲ့အမှုတွေလဲရှိတယ်။ ပြောချင်တာက ဒီလို အိမ်တွင်း အမျိုးသမီးတွေကို အကြမ်းဖတ်နေတာက ရပ်တန့် ပေးဖို့ အစိုးရပ်တရပ်အနေနဲ့ အဓိကအခန်းကဏ္ဍတရပ်မှာ ပါဝင်လုပ်ဆောင်သင့်ပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းက အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးနဲ့ အမျိုးသမီး အခန်းကဏ္ဍ မြင့်မားရေးတို့အတွက် အစိုးရနဲ့ အာဏာပိုင်တွေက အထူး တာဝန်ယူဆောင်ရွက်ပေးဖို့ လိုအပ်ပြီး၊ အိမ်တွင်းအကြမ်းဖက်ပပျောက်ရေးကို အထူးအစီအစဉ်တရပ်အနေနဲ့ လုပ်ဆောင်ဖို့ လိုတယ်လို့ပြောပါတယ်။

ဒီကနေ့ စီးတန်း လှည့်လည်မှုကို ရဟန်သံဃာာတွေနဲ့ မယ်သီရှင်တွေအပါအဝင် စစ်တွေမြို့ ဒေသခံ ၁၀၀၀ လောက်က စတင်ခဲ့ပြီး ညနေပိုင်းမှာတော့  စစ်တွေမြို့ ခိုင်သဇင်ပန်းခြံမှာ ဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်။

သတင်း၊ဝဏ္ဏခွာညို၊

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013