DVB Logo
Home
မြန်မာသတင်း
အိမ်အကူနှိပ်စက်သည့်အမှု ယမန်နေ့ညက ၁ ဦး ထပ်မံဖမ်းဆီး
DVB
·
September 22, 2016
အိမ်အကူနှိပ်စက်သည့်အမှု ယမန်နေ့ညက ၁ ဦး ထပ်မံဖမ်းဆီး
Donate to DVB

ကျောက်တံတားမြို့နယ်မှာ အိမ်အကူမိန်းကလေးငယ်တွေကို ညှဉ်းပန်းနှိပ်စက်ပြီး လုပ်ခလစာတွေ မပေးခဲ့လို့ ကျောက်တံတားမြို့ရဲစခန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ နဲ့ အရေးယူဆောင်ရွက်နေပြီး အမှုကနေကျန်ရှိတဲ့ ကျူးလွန်သူ ဦးကိုလတ် (၆၃)နှစ်ကို မနေ့ည ၉ နာရီလောက်က ထပ်မံဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ပါတယ်။

ဒီအမှုကနေ တင်မင်းလတ် (ခ) ဖိုက်ဇယ်၊ မစုမွန်လတ် နဲ့ ဒေါ်တင်သူဇာ တို့ကို ဖမ်းဆီးရမိထားပြီး သူတို့အားလုံးကို အမှုနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီ ညှဉ်းပန်းနှိပ်စက်ခံ ၂ ယောက်ထဲက မိန်းကလေးတယောက်ကတော့ လက်ချောင်း ၁၀ ချောင်းစလုံး အချိုးခံခဲ့ရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင်အနေနဲ့ ဒီကိစ္စမှာ ကြားဝင်ဖြေရှင်းပေးရာမှာတော့ သူတို့ ၂ယောက်အတွက် ဆိုင်ရှင်တွေက လျော်ကြေးဆိုပြီး ကျပ်သိန်း ၅၀ ပေးခဲ့တာပါ။

ဒီကိစ္စကို အများပြည်သူကြား ဝေဖန်မှုတွေ မြင့်တက်လာချိန်မှာ ရဲတပ်ဖွဲ့က လူကုန်ကူးမှု အမှုဖွင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်ရဲ့ ဖြေရှင်းဆောင်ရွက်မှုအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စက်တင်ဘာ ၂၁ ရက်နေ့က လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေ အနားယူပေးဖို့ လူ့အခွင့်ရေးကော်မရှင်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013