DVB Logo
Home
မြန်မာသတင်း
၂၀၁၆ တန်ဖိုးနည်း အိမ်ရာအရောင်းပြပွဲ ကျင်းပမည်
DVB
·
September 22, 2016
၂၀၁၆ တန်ဖိုးနည်း အိမ်ရာအရောင်းပြပွဲ ကျင်းပမည်
Donate to DVB

၂၀၁၆ တန်ဖိုးနည်း အိမ်ရာအရောင်းပြပွဲကို ရန်ကုန်မြို့၊ MICT Park မှာ လာမယ့် အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီပွဲကို အိမ်ခြံမြေရောင်း၊ ၀ယ်၊ ငှားအင်တာနက်ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ House.com.mm က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ ဖြိုးရေးဘဏ်တွေနဲ့အတူ ဦးဆောင် ကျင်းပတာဖြစ်ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမယ့် ဒီ ပွဲကို ဘယ်သူမဆို လာရောက်ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန(IBC)မှာ တန်ဖိုးနည်း အိမ်ရာဆိုင်ရာ ဆွေးနွေးပွဲတခုကို ကျင်းပခဲ့ပြီး အစိုးရနဲ့ ပုဂလိက အိမ်ခြံမြေဆိုင်ရာ ကျွမ်းကျင်သူတွေက တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်တဲ့ အစိုးရရဲ့ အခန်းကဏ္ဍ၊ ချေးငွေဆိုင်ရာ ကိစ္စတွေနဲ့ တခြားသိသင့်သိ ထိုက်တာတွေကို ဆွေးနွေးခဲ့ကြတာပါ။

      House.com.mm ကို ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံမှာ စတင်ခဲ့တာဖြစ်ပြီး အိမ်ခြံမြေ တိုက်ခန်း ရောင်းဝယ်ငှားရမ်းခြင်းဆိုင်ရာ ကိစ္စတွေကို အွန်လိုင်းပေါ်မှတဆင့် အလွယ်တကူ ရှာဖွေ၊ ငှားရမ်း၊ ဆက်သွယ်ဝယ်ယူနိုင်စေဖို့ ၀န်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013