DVB Logo
Home
မြန်မာသတင်း
မိန်းကလေးအား ဓားဖြင့်အကြိမ်ကြိမ်ထိုးသတ်၊ ၀င်မကူသူများကို ၀ိုင်းဝန်းဝေဖန် (ရုပ်သံ)
DVB
·
September 22, 2016
မိန်းကလေးအား ဓားဖြင့်အကြိမ်ကြိမ်ထိုးသတ်၊ ၀င်မကူသူများကို ၀ိုင်းဝန်းဝေဖန် (ရုပ်သံ)
Donate to DVB

အိန္ဒိယနိုင်ငံမှာ စက်တင်ဘာ ၂၀ ရက်နေ့က အသက် ၂၁ နှစ်အရွယ် မိန်းကလေးတဦးကို အမျိုးသားတဦးက မနက်ခင်း လူမြင်ကွင်းမှာ ဓားနဲ့ ၂၂ ချက်ထိုးသတ်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။

အဲလိုထိုးနှက်နေချိန်မှာ ဘေးမှ လမ်းလျှောက်သွားကြတဲ့ လမ်းသွားလမ်းလာတွေဟာ ဘာမှဝင်ကူကြတာမျိုး မတွေ့ရဘဲ သူ့လမ်းကိုသူ ဆက်လျှောက်ခဲ့ကြတဲ့အတွက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ခါရူနာ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ကျောင်းဆရာမတဦးဖြစ်ပြီး အဆိုပါအမျိုးသားက မြေပြင်ပေါ် တရွတ်တိုက်ဆွဲခေါ်သွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

အဲဒီနောက် သူဟာ မိန်းကလေးကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးခဲ့ပြီး ခေါင်းကို ကျောက်ခဲနဲ့ထု၊ ထိုးနှက်ကန်ကျောက်ခဲ့တာပါ။
ရဲတွေရဲ့အဆိုအရ အသက် ၃၄ နှစ်အရွယ် ဆူရင်ဒါဆင်း အမည်ရတဲ့ အဲဒီအမျိုးသားဟာ မိန်းကလေးကို လွန်ခဲ့တဲ့နှစ်ကတည်းက လိုက်အနှောင့်အယှက်ပေးနေခဲ့တယ်လို့ ပြောပါတယ်။

သူဟာ ဆိုင်ပိုင်ရှင်တဦးဖြစ်ပြီး သူ့ရဲ့နှောင့်ယှက်မှုကြောင့် လွန်ခဲ့တဲ့ လေးငါးလကတည်းက နှစ်ဘက်မိသားစုတွေကြား အပြန်အလှန် စွပ်စွဲမှုတွေနဲ့ ပြဿနာတွေ ရှိနေခဲ့ကြတာလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။

ခုလိုထိုးနှက်မှုကြောင့် မိန်းကလေးဟာ ဆေးရုံကိုရောက်ပြီး အချိန်အနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တာပါ။
ဆူရင်ဒါဆင်းဟာ ရိုက်နှက်ပြီး ထွက်ပြေးသွားခ်ျိန်မှာမှ သူ့နောက်က လူတွေ လိုက်ခဲ့ကြပြီး ရိုက်နှက်ကာ လက်ရဖမ်းဆီးပြီး ရဲတွေဆီ အပ်နှံခဲ့တာပါ။

လက်ရှိမှာတော့ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးအရေးယူ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013