DVB Logo
Home
မြန်မာသတင်း
ဖမ်းမိ စိတ်ကြွဆေးများကို တပ်ဖွဲ့ဝင်များ ပတ်သက်မှုမရှိရန် ကြပ်မတ်နေဟု ဆို
DVB
·
September 21, 2016
ဖမ်းမိ စိတ်ကြွဆေးများကို တပ်ဖွဲ့ဝင်များ ပတ်သက်မှုမရှိရန် ကြပ်မတ်နေဟု ဆို
Donate to DVB

မောင်တောမြို့နယ်ထဲမှာ ဖမ်းမိထားတဲ့ WY စိတ်ကြွမူးယစ်ဆေးပြားတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ထိန်းသိမ်းထားပြီး တပ်ဖွဲ့ဝင်တွေ ပတ်သက်မှုမရှိအောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ သြဂုတ် ၁၀ ရက်နေ့နဲ့ စက်တင်ဘာ ၁၉ ရက်နေ့အထိ ၁ လအတွင်း စိတ်ကြွဆေးပြား ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ သိန်း ၈၀ နီးပါးအထိ ရှိလာပါ တယ်။

မောင်တောမြို့မစခန်းမှာ နောက်ဆုံး စံချိန်တင်ဖမ်းမိထားတဲ့ စိတ်ကြွဆေးပြားတွေ အပါအ၀င် သက်သေခံပစ္စည်းတွေအားလုံးကို ရဲလုပ်ငန်းအတိုင်း စနစ်တကျ ဆောင်ရွက်ထား တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဉာဏ်ဝင်းဦးက ပြောပါတယ်။

“စဖမ်းကတည်းက ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၁/၁၀၂/၁၀၃ ပေါ့ ရှာဖွေတာလည်း သက်သေနှစ်ဦးရှေ့မှာတို့၊ ရှာဖွေတဲ့ အချိန်မှာလည်း အိမ်ပိုင်ရှင်တို့၊ ခြံဝင်း ပိုင်ရှင်တို့ကိုပါခေါ်ပြီး သူတို့ရှေ့မှာပဲ သိမ်းဆည်းတာ ဖြစ်ပါတယ်။ သိမ်းတဲ့နေရာမှာလည်း ရှာဖွေပုံစံနဲ့ သက်သေတွေ ရှေ့မှာ လက်မှတ်ထိုးပြီး သိမ်းဆည်းတာပါ။”

ခရိုင်ရဲတပ်ဖွဲ့မှူးက သက်သေခံပစ္စည်းနမူနာတွေကို ရန်ကုန်မြို့မှာ ဓာတုဗေဒစစ်ဆေးမှုယူပြီး တရားရုံးကို အမှုတင်ပို့ရသလို သက်သေခံပစ္စည်းတွေကို စာရင်းဇယားနဲ့ တိတိကျကျ တာဝန်ခံထားပြီး သက်သေခံပစ္စည်းခန်းမှာ သိမ်းဆည်းရသလို သိမ်းထားတဲ့အရေအတွက် ကိုလည်း အဆင့်ဆင့် တင်ပြထားရတယ်လို့ ပြောပါတယ်။

ဒုရဲမှူးကြီးဉာဏ်ဝင်းဦး၊ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူးက “ရရှိတဲ့ပစ္စည်းတွေဆိုရင်လည်း ကျနော်တို့ ရန်ကုန်မှာ ဓာတုဗေဒထင်မြင်ချက်တောင်းရပါတယ်။ တရားရုံးမှာတင်ပြီးရင် သက်သေခံပစ္စည်း ထားတဲ့အခန်းမှာ တာဝန်ခံထားပြီး စနစ်တကျသိမ်းဆည်းရပါတယ်။ အထက်ဌာနအဆင့်ဆင့်ကိုလည်း စာရင်းဇယားနဲ့ တင်ပြရတာဖြစ်ပါတယ်။ အမှုပြတ်သွားပြီဆိုရင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအထိမ်းအမှတ် ဖျက်ဆီးတဲ့ပွဲမှာ စာရင်းဇယားနဲ့ တိတိကျကျ အမှားအယွင်း မရှိအောင် လွှဲပြောင်းပေးပို့ပြီး ဆောင်ရွက်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး စနစ်တကျကို စီစဉ်ဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

မောင်တောမြို့နယ်ထဲမှာ မူးယစ်ဆေးဝါး ဖမ်းဆီးမိတဲ့အကြိမ်အရေအတွက်ဟာ သြဂုတ်လ ၁၉ ရက်နေ့ကနေ စက်တင်ဘာလ ၁၉ ရက်နေ့အထိ တလအတွင်း ၇ ကြိမ်ဖမ်းမိပြီး ဖမ်းဆီးစစ်ဆေးနေသူ ၁၀ ဦးနဲ့ အလိုရှိနေသူ ၄ ဦးရှိတယ်လို့ မြို့မရဲစခန်းက သိရပါတယ်။

၁၉ ရက်နေ့က ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်မှာတော့ ရခိုင်ပြည်နယ်ထဲမှာ တနေရာတည်းမှာ အများဆုံး ဖမ်းဆီးရမိတဲ့အမှုအဖြစ် စံချိန်တင်ပြီး ဆေးပြားခြောက်သန်းနှစ်သိန်းကျော်၊ ကျပ်ငွေတန်ဖိုး ၁၃ ဘီလီယံကျော်ရှိခဲ့ပါတယ်။

သတင်း - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013