DVB Logo
Home
မြန်မာသတင်း
ခိုင်မျိုးထွန်းကို ရုံးထုတ်စဉ် လူစုဝေးပြုလုပ်လျှင် ခွင့်ပြုချက်ယူရမည်
DVB
·
September 21, 2016
ခိုင်မျိုးထွန်းကို ရုံးထုတ်စဉ် လူစုဝေးပြုလုပ်လျှင် ခွင့်ပြုချက်ယူရမည်
Donate to DVB

ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ထိပ်တန်းအဆင့်မြင့် ခေါင်းဆောင်တဦး ဖြစ်တဲ့ ခိုင်မျိုးထွန်း တရားရုံးထုတ်စစ်ဆေးချိန်မှာ လူထု စုဝေးမှုတွေ ပြုလုပ်ပါက သက်ဆိုင်ဌာနကို ငြိမ်းစုစီဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံရမယ်လို့ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောဆိုလိုက်ပါတယ်။

ခိုင်မျိုးထွန်း ရုံးထုတ်ရာမှာ တရားရုံးအပြင်ဘက်မှာ လူရာနဲ့ချီ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး အော်ဟစ်တောင်းဆိုမှုတွေ ပြုလုပ်လာတာကြောင့် ရုံးထုတ်စစ်ဆေးတဲ့အခါ အနှောင့်အယှက်ဖြစ်စေပြီး၊ ခွင့်ပြုချက်တောင်းခံပြီးမှ လာရောက်ဖို့ လိုတယ်လို့ စက်တင်ဘာလ ၂၀ ရက်နေ့ မြို့မိ/မတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ်မှာပြောကြားလိုက်တာပါ။

“ခိုင်မျိုးထွန်း ရုံးထုတ်တဲ့ကာလတွေမှာ ဥပဒေမဲ့ စုရုံးပြီးတော့ ဆန္ဒတွေ ဖော်ထုတ်ကြတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင်၊ စီတန်းလှည့်လည်ခွင့် ဒါတွေအားလုံးကို သက်ဆိုင်ရာကို အချိန်မီ တင်ပြပြီးတော့ ခွင့်ပြုချက်ရမှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နောက်ရုံးချိန်းတွေမှာ ဒီလိုစုဝေးမယ် ဆန္ဒပြမယ်ဆိုရင် ငြိမ်းစုစီနဲ့ အညီတင်ပြဖို့ လိုအပ်ပါတယ်။ ကျနော်တို့ဘက်လည်း လူတွေကို ကန့်သတ်ချက်နဲ့ ခွင့်ပြုပေးရတာဖြစ်ပါတယ်။”

ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောကြား လိုက်တာနဲ့ပတ်သက်လို့ စစ်တွေအမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ပထမပိုင်း လူတွေ ၁၀၀ ကနေ ၂၀၀ ဖြစ်လာပြီးတော့ အခုဆိုရင် လူပေါင်ထောင်ချီလာတယ်။ လမ်းတွေကလည်း ပိတ်လာတယ်။ ဒီလိုပိတ်လာတဲ့အခါ သူတို့အခြေအနေအရ ရဲအင်အားလည်း အများကြီးသုံး လာရတယ်။ နောက်ပြီးတရားရုံး အနေနဲ့ တရားစစ်ဆေးတဲ့အခါ အနှောင့်အယှက် ဖြစ်လာတယ် ပေါ့လေ။ အန်တီတို့ဘက်ကလည်း ကိုယ်လူအုပ်ကိုယ်ထိန်းတယ်။ ထိန်းပေမယ့်လည်း တရားရုံး အပြင်ဘတ်က လူတွေက အဆက်မပြတ် ခိုင်မျိုးထွန်းကို အမြန်ဆုံးလွှတ်ပေးဆိုပြီး အော်ကြ တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ သူတို့ဘက်က လုံခြုရေးပိုင်းကို ထိခိုက်လာနိုင်တယ်ပေါ့။ ဒါပေမယ့် ခိုင်မျိုးထွန်းကို လွှတ်ပေးဖို့ အန်တီတို့ဘက်က တောင်းဆိုတယ်လို့ မြင်တယ်။ ဒါကဒီမိုကရေစီအရ တောင်းဆိုတဲ့သဘောပါ” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေ ရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေလ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက် ထားတာဖြစ်ပါတယ်။

ခိုင်မျိုးထွန်းကို ဇူလိုင် ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီးတော့ ဇူလှိုင်၂၇ ရက်နေ့ ရုံးတင်စစ်ဆေး ခဲ့တာပါ။ စက်တင်ဘာ ၂၆ ရက်နေ့ ရုံးချိန်(၉) ကြိမ်မြောက် ပြန်လည်ချိန်းဆိုထားပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013