DVB Logo
Home
မေးမြန်းခန်း
ဝန်ကြီး​ဌာန​တွေက လွှတ်​တော်ထဲမှာ လိမ်လည်​နေတယ် – ​ရှေ့​နေ့​ကိုဖိုး​ဖြူ
DVB
·
October 25, 2011
ဝန်ကြီး​ဌာန​တွေက လွှတ်​တော်ထဲမှာ လိမ်လည်​နေတယ် – ​ရှေ့​နေ့​ကိုဖိုး​ဖြူ
Donate to DVB

လယ်သမား​တွေနဲ့​ ကုမ္ပဏီကြီး​တွေ ပူး​ပေါင်း​လုပ်​ဆောင်ရာမှာ လယ်သမား​တွေ လယ်ယာ​မြေဆုံး​ရှုံး​နေကြရတာကို ထိန်း​သိမ်း​ ကြီး​ကြပ်​ပေး​ဖို့​၊​ လယ်သမား​တွေရဲ့​ လယ်ယာ​မြေ​တွေကို ကုမ္ပဏီ​တွေက သိမ်း​ယူခွင့်​မရှိ​စေ​ရေး​အဆိုကို တနင်္လာ​နေ့​က ပြုလုပ်တဲ့​ အမျိုး​သား​လွှတ်​တော် အစည်း​အ​ဝေး​က ပယ်ချလိုက်ပါတယ်။

ရန်ကုန်တိုင်း​ဒေသကြီး​ အမျိုး​သား​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ဆွေ​အောင်က ဒဂုံမြို့​သစ် မြို့​နယ် သုံး​ခုအတွင်း​မှာ လယ်သမား​တွေရဲ့​ လယ်​တွေကို ကုမ္ပဏီ​တွေက သိမ်း​ယူထား​တဲ့​အ​ပေါ် ပြန်လည် ကြီး​ကြပ်သုံး​သပ်​ပေး​ဖို့​ တင်ပြခဲ့​တဲ့​အဆိုကို လယ်ဆည် ဒု- ဝန်ကြီး​ ဦး​ခင်​ဇော်က ပြန်လည်ရှင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ပါတယ်။

လယ်ဆည် ဒု-ဝန်ကြီး​ရဲ့​ ရှင်း​လင်း​တင်ပြချက်​တွေအရ လယ်ယာ​မြေ​တွေဟာ မြို့​ပြဖွံ့​ဖြိုး​ရေး​အတွက် လယ်ယာ​မြေ နိုင်ငံပိုင်ပြုလုပ်​ရေး​ ဥပ​ဒေအရ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​များ​စွာကတည်း​က သိမ်း​ခဲ့​တဲ့​ လယ်​တွေဖြစ်ပြီး​ မြို့​ပြဖွံ့​ဖြိုး​ရေး​ မလုပ်နိုင်လို့​ ကုမ္ပဏီ ၁၆ ခုက​နေ အထူး​ လယ်ယာစိုက်ပျိုး​ရေး​ဇုန်​တွေလုပ်တဲ့​ ကိစ္စလည်း​ဖြစ်တယ်။ ဒါ​ကြောင့်​ လယ်ယာလုပ်ပိုင်ခွင့်​ ဆုံး​ရှုံး​ခြင်း​ကိစ္စနဲ့​ မဆိုင်ဘူး​ဆိုပြီး​ လွှတ်​တော်ဥက္ကဋ္ဌက ပယ်ချခဲ့​ပါတယ်။

ဒဂုံမြို့​သစ် သုံး​မြို့​နယ်တွင်း​က လယ်ဧက​ပေါင်း​ ​ခြောက်​သောင်း​ကျော်ကို မြို့​ပြဖွံ့​ဖြိုး​ရေး​ ပြုလုပ်ဖို့​ဆိုပြီး​ ၁၉၈၉ ခုနှစ်က သိမ်း​ယူခဲ့​တာပါ။ ၂၀၀၈ ခုနှစ်မှာ စိုက်ပျိုး​ရေး​ အထူး​ဇုန်လုပ်ဖို့​အတွက် ကုမ္ပဏီ ၁၆ ခုကို လယ်ဧကတ​သောင်း​လောက် လုပ်ကွက်ချထား​ပေး​ခဲ့​တာပါ။

အခု​တော့​ လွှတ်​တော်က ဒီကိစ္စဟာ လယ်သိမ်း​တဲ့​ကိစ္စမဟုတ်ဘူး​ဆိုပြီး​ ပယ်ချလိုက်ပါတယ်။

ဒဂုံမြို့​သစ်​နေ လယ်သိမ်း​ခံရတဲ့​ လယ်သမား​တွေအ​ရေး​ လိုက်လံ ​ဆောင်ရွက်​ပေး​နေတဲ့​ ​ရှေ့​နေ ကိုဖိုး​ဖြူက​တော့​ ဝန်ကြီး​ဌာန​တွေက လွှတ်​တော်ထဲမှာ လိမ်လည်​နေတယ်လို့​ တုံ့​ပြန်​ပြောကြား​လိုက်ပါတယ်။

ရှေ့​နေ ကိုဖိုး​ဖြူကို ဆက်သွယ်​မေး​မြန်း​ချက်။

မ​နေ့​က လွှတ်​တော်မှာ လယ်ဆည် ဒုဝန်ကြီး​က ဒဂုံမြို့​သစ် သုံး​မြို့​နယ်မှာ သိမ်း​ထား​တဲ့​ လယ်​တွေက ရန်ကုန်တိုင်း​ ​ဒေသကြီး​ကလည်း​ ​လျော်​ကြေး​တွေ​ပေး​ပြီး​ပြီ။ ဒီလယ်​တွေက စီမံကိန်း​ဝင် လယ်​တွေ​ပေါ့​။ ကုမ္ပဏီ​တွေက လုပ်တဲ့​သူလည်း​ရှိတယ်၊​ မလုပ်တဲ့​သူလည်း​ရှိတယ်။ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ပြန်​ပေး​ဖို့​အ​ကြောင်း​မရှိဘူး​လို့​ ​ပြောလိုက်ပြီ။ အဲဒါနဲ့​ပတ်သက်ပြီး​ ကိုဖိုး​ဖြူတို့​ လယ်သမား​အ​ရေး​ လုပ်တဲ့​သူ​တွေအ​နေနဲ့​ ဘယ်လိုမြင်လဲ။

[caption id="attachment_16923" align="alignright" width="300" caption=" ရှေ့နေကိုဖိုးဖြူ"][/caption]

“ပထမဆုံး​ပြောချင်တာ​တော့​ တစ်အချက်က တရား​မျှတမှု လုံး​ဝကင်း​မဲ့​နေတယ်လို့​ ​ပြောချင်ပါတယ်။ ဒုတိယတချက်က​တော့​ ဥပ​ဒေနဲ့​ လုံး​ဝညီညွတ်ခြင်း​မရှိပါဘူး​လို့​ ​ပြောချင်ပါတယ်။ ​နောက်တချက်က​တော့​ အ​ကြောင်း​အချင်း​အရာ တင်ပြချက်​တွေက မမှန်ကန်ပါဘူး​လို့​ ကျ​နော်​ပြောချင်ပါတယ်။ အဲ​တော့​ ပထမဆုံး​အချက်အ​နေနဲ့​ ကျ​နော်​ပြောချင်တယ်။

“တရား​မျှတမှု လုံး​ဝမရှိဘူး​ဆိုတာက အစိုး​ရမြို့​ပြအိမ်ရာ၊​ အစိုး​ရရုံး​စိုက်ရာ​နေရာမှာ မြို့​ပြအိမ်ရာပြုလုပ်ဖို့​အတွက် ဒီလယ်​မြေ​တွေကို (လန- ၃၉) နိုင်ငံပိုင်ပြုလုပ်တဲ့​ ဥပ​ဒေ ၃၉ အရ ဒါ​တွေကို သတ်မှတ်လိုက်တာ။ တကယ်တမ်း​ကျ​တော့​ ဒီ​ပေါ်မှာ​ဆောက်လုပ်မယ့်​ဟာကို ​နေပြည်​တော်မှာပဲ ​ဆောက်လုပ်ဖြစ်သွား​တယ်။ ဒီလယ်​မြေ​တွေဟာ လန-၃၉ လုပ်ထား​တယ်ဆိုတဲ့​ ​နေရာ​တွေဟာ တစ်အချက် ​တောင်သူလယ်သမား​တွေ စိုက်ပျိုး​နေတဲ့​နေရာ​တွေဖြစ်တယ်။ အဲ​တော့​ တကယ်တမ်း​ အစိုးရ အိမ်ရာလုပ်မှာလည်း​ မဟုတ်ဘဲနဲ့​ လုပ်ဖို့​အတွက်လည်း​ အစီအစဉ်မရှိ​တော့​ဘူး​မှန်း​ သိလျက်နဲ့​ ဒါကြီး​ကို အိုး​အိမ်က ဆက်ယူထားတယ်။ ​နောက်တခါ ယခင်တိုင်း​မှူး​က​နေ ဆက်လက်ယူထား​ပြီး​တော့​ ဒါကိုနိုင်ငံ​တော်က စိုက်ပျိုး​ရေး​စီမံကိန်း​ ​နေရာလုပ်ပါတယ်။ ကုမ္ပဏီကို​ပေး​လိုက်ပါတယ်ဆိုတာ ​တောင်သူ​တွေလက်ငုပ်လုပ်​နေမှန်း​ကို သိလျက်နဲ့​ ကုမ္ပဏီ​တွေလုပ်ခွင့်​ရ​အောင် လုပ်​ပေး​လိုက်တာက​တော့​ မျှတမှုလုံး​ဝမရှိပါဘူး​။

“ဒုတိယအချက်က​တော့​ ဥပ​ဒေနဲ့​လုံး​ဝ မညီညွတ်တဲ့​ကိစ္စကို ​ပြောပါမယ်။ မူလ​တောင်သူ​တွေဆီက ပဋိညာဉ်ခံပြီး​၊​ အာမခံပြီး​ ​နောက်ပြီး​တော့​ စာချုပ်စာတမ်း​နဲ့​မဟုတ်​တောင် စာချုပ်စာတမ်း​ဥပ​ဒေအရ အာဏာသက်ဝင်သကဲ့​သို့​ ပဋိညာဉ်ဥပ​ဒေအရ အာဏာသက်ဝင်သကဲ့​သို့​ ကမ်း​လှမ်း​ချက်​တွေရှိတယ်။ အဲဒါက အကျိုး​တူလုပ်မယ်ဆိုတဲ့​ကမ်း​လှမ်း​ချက်​တွေရှိတယ်။ တ​ယောက်နဲ့​တ​ယောက် အတူတူ လုပ်ကြမယ်။ လိုအပ်တဲ့​ စွမ်း​အား​စု​တွေကုမ္ပဏီက ဖြည့်​ပေး​မယ်။ ​တောင်သူလယ်သမား​တွေက အကျိုး​တွေကို ခံစား​ရမယ်ဆိုတာမျိုး​ကို ပဋိညာဉ်လုပ်ပြီး​ ဒီလိုပဋိညာဉ်ကမ်း​လှမ်း​ချက်ကို သ​ဘောတူလို့​သာလျှင် ​တောင်သူလယ်သမား​တွေကလည်း​ သ​ဘောတူခဲ့​ပြီး​ တဲ​တွေဖယ်​ပေး​တယ်၊​ ​ရွှေ့​ပေး​တယ်။ အတူတူ တကယ်လုပ်လည်း​လုပ်​ရော ရှုံး​တယ်ဆိုပြီ​တော့​ ​တောင်သူကို မဖြစ်စ​လောက်​ငွေ​ကြေး​လေး​ပေး​ပြီး​ နှင်ထုတ်လိုက်တယ်။ ဒါက​တော့​ ဥပ​ဒေနဲ့​လုံး​ဝမညီညွတ်တဲ့​ကိစ္စ။

“တတိယ တချက်က​တော့​ အချက်အလက်လွှဲမှား​တာ​တွေ။ ဘယ်ကုမ္ပဏီမှ အပြည့်​မစိုက်နိုင်ဘူး​။ ဘယ်ကုမ္ပဏီမှလည်း​ စပါး​တင်း​တွေကို ​တောင်သူလယ်သမား​တွေ ထွက်သလိုထွက်​အောင် စိုက်ပျိုး​နိုင်တာမျိုး​ကိုလည်း​ မလုပ်နိုင်ဘူး​။ တကယ့်​နည်း​ပညာ​တွေလည်း​ ​ရောက်လာတာမျိုး​ မရှိသလို တကယ့်​စိုက်ပျိုး​တဲ့​ အတတ်ပညာနဲ့​ ပတ်သက်လို့​လည်း​ ဘာမှမရှိဘူး​။ ကုမ္ပဏီ​တွေ​ရောက်လာတဲ့​အတွက် လယ်ယာ​မြေ​တွေဟာ ဓာတုဓာတ်​မြေဩဇာ သုံး​လို့​ လယ်​မြေပျက်စီး​တာပဲ ရှိတယ်။ ​တောင်သူ​တွေထမင်း​ငတ်သွား​တယ်။ အလုပ်လက်မဲ့​တွေဖြစ်သွား​တယ်။ လယ်ငှား​လုပ်သား​တွေ အလုပ်လက်မဲ့​တွေ ဖြစ်ကုန်တယ်။ မိသား​စု​တွေ ဘဝ​တွေဒုက္ခ​ရောက်ကုန်တယ်။ ဖွံ့​ဖြိုး​လာတယ်။ တိုး​တက်လာတယ်ဆိုတဲ့​ လယ်ဆည်ဒုဝန်ကြီး​က လွှတ်​တော်မှာ ​ဖြေရှင်း​သွား​တဲ့​အချက်ဟာ မှား​ယွင်း​ပါတယ်။ ဒါ​ကြောင့်​မို့​လို့​ ပြည်သူတရပ်လုံး​ကို ကျ​နော်​ပြောချင်ပါတယ်။ ​တောင်သူလယ်သမား​ထု တရပ်လုံး​ကို ​ပြောချင်ပါတယ်။ ဝန်ကြီး​ဌာန​တွေက လွှတ်​တော်မှာ လိမ်လည်​နေတယ်။ ကျ​နော်တို့​ပြည်သူ​တွေက သတင်း​စာ​တွေက​နေ အညံ့​ခံ​နေလို့​မရဘူး​။ ကိုယ့်​အား​ကိုယ်ကိုး​ပြီး​တော့​ ဝိုင်း​ချရ​တော့​မယ်၊​ ကိုယ့်​ဟာကို ကြိုး​စား​ရ​တော့​မယ်။ ရုန်း​ကန်ရ​တော့​မယ်။ ကိုယ့်​ကံကြမ္မာ ကိုယ်ဖန်တီး​ရ​တော့​မယ့်​အချိန်ကို ​ရောက်​နေပြီလို့​ ကျ​နော်​ပြောချင်ပါတယ်။”

သူတို့​ရဲ့​ဖြေရှင်း​ချက်ထဲမှာဘာပါသလဲဆို​တော့​ လယ်သမား​တွေအတွက်လည်း​ လယ်ယာ​မြေနဲ့​ပတ်သက်တဲ့​ ဥပ​ဒေ​တွေ ပြဋ္ဌာန်း​ဖို့​ ပြင်ဆင်​ရေး​ဆွဲ​နေပါတယ်​ပေါ့​။ ဒီ​တောင်သူလယ်သမား​ အကျိုး​အတွက် တကယ်ရှိသင့်​တဲ့​ လယ်ယာ​မြေဥပ​ဒေ​တွေက ဘယ်လိုမျိုး​ အခုချိန်မှာ ရှိ​နေသင့်​ပြီဆိုတာလဲ ​ပြောပြ​ပေး​ပါဦး​။

“​တောင်သူလယ်သမား​တွေမှာ ဥပ​ဒေမဲ့​လယ်ယာလက်လွတ် ဆုံး​ရှုံး​နေရတဲ့​ ကိစ္စရပ်​တွေကို ​ပြေလည်​အောင် ​ဖြေရှင်း​ပေး​နိုင်မယ့်​ ဥပ​ဒေ​ကြောင်း​အရလည်း​ ​ဖြေရှင်း​ရမယ်။ သင့်​တင့်​လျောက်ပတ်တဲ့​ လုပ်ထုံး​လုပ်နည်း​တွေကို ပြဋ္ဌာန်း​ပေး​နိုင်တဲ့​ အ​ခြေအ​နေ​ပေါ်​ပေါက်ဖို့​ လိုအပ်​နေပါတယ်။”

ကိုဖိုး​ဖြူက လယ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​သူဆို​တော့​ လယ်သမား​တွေနဲ့​ ပတ်သက်ပြီး​ အဲဒီကိစ္စကို ဆက်ပြီး​ဘယ်လို​ဆောင်ရွက်သွား​မလဲ။ ဘယ်လိုရင်ဆိုင်​ဖြေရှင်း​သွား​မယ်ဆိုတာကို ​ပြောပြ​ပေး​ပါခင်ဗျ။

“ကုမ္ပဏီ​ပေါင်း​မြောက်မြား​စွာ မြန်မာနိုင်ငံမှာ ရှိပါတယ်။ အာဏာပိုင်နဲ့​ လက်ဝါး​ရိုက်ပြီး​တော့​ ​တောင်သူ​တွေဆီက​နေ ဥပ​ဒေမဲ့​ တရား​လက်လွတ် ဒီလိုသိမ်း​ယူတဲ့​ ကုမ္ပဏီ​ပေါင်း​ ​မြောက်မြား​စွာရှိတယ်။ မြန်မာနိုင်ငံတဝှမ်း​လုံး​ ခံစား​နေကြရတယ်။ ​ပြော​တော့​ စက်မှု​ဒေသဖွံ့​ဖြိုး​ရေး​ ဆိုတဲ့​ကိစ္စမျိုး​ကို ​ပြောတယ်။ တကယ်တမ်း​ ဥပ​ဒေ​တွေလည်း​ဖွံ့​ဖြိုး​တာမဟုတ်ဘူး​။ စက်မှု​တွေလည်း​ ဖွံ့​ဖြိုး​တာမဟုတ်တဲ့​ အ​ခြေအ​နေမျိုး​တွေ ကြုံ​တွေ့​နေရတယ်။ လယ်ယာ​မြေ​တွေကို ဥပ​ဒေမဲ့​ လက်လွတ်ဆုံး​ရှုံး​ခြင်း​တွေ မဖြစ်​ပေါ်ရ​အောင် မူဝါဒအရကို ပြည်​ထောင်စုလွှတ်​တော်က​နေ အကာအကွယ်​ပေး​နိုင်တဲ့​ ဥပ​ဒေပြဋ္ဌာန်း​ချက်မျိုး​တွေ ဖြစ်​ပေါ်လာ​အောင် မူအရကို ကာကွယ်​ပေး​လာနိုင်​အောင် ကျ​နော်တို့​ ဆက်လက်ကြိုး​စား​ရပါဦး​မယ်။ ကြိုး​စား​မှသာလျှင် နိုင်ငံတဝန်း​လုံး​မှာရှိတဲ့​ ပြည်သူတရပ်လုံး။ ​တောင်သူလယ်သမား​ထုတရပ်လုံး​ကို အကာအကွယ်​ပေး​နိုင်မှာဖြစ်ပါတယ်။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013