DVB Logo
Home
မြန်မာသတင်း
၃၄ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး ကျင်းပ (ဓာတ်ပုံ)
DVB
·
September 21, 2016
၃၄ ကြိမ်မြောက် အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေး ကျင်းပ (ဓာတ်ပုံ)
1 / 6
Donate to DVB

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အာဆီယံစွမ်းအင်ဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကို နေပြည်တော်မှာ ကျင်းပနေပါတယ်။

အာဆီယံစွမ်းအင်ဝန်ကြီးများအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်က ပထမအကြိမ် ကျင်းပခွင့်ရခဲ့ပြီး အခုအကြိမ်ကတော့ ဒုတိယအကြိမ်ကျင်းပခွင့်ရတာလည်း ဖြစ်ပါတယ်။

အခုအစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ လက်ရှိရင်ဆိုင်နေရတဲ့ စွမ်းအင်ထုတ်လွှတ်မှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော် ဂက်စ်ပိုက်လိုင်းကိစ္စရပ်နဲ့ အကျိုးတူ စီးပွားရေးလုပ်ငန်းတွေအကြောင်း ဆွေးနွေးကြမယ်လို့သိရပါတယ်။

အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့ထိ ကျင်းပမှာဖြစ်ပြီး အာဆီယံဝန်ကြီးများဆိုင်ရာ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေအပြင် ဒေသတွင်း စွမ်းအင်အသုံးချမှုဆိုင်ရာ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေ၊ ပြိုင်ပွဲများလည်း ကျင်းပမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013