DVB Logo
Home
မြန်မာသတင်း
ဗလီအပါအ၀င် တရားမဝင်အဆောက်အဦ ၃၀၀၀ ကျော်ကို ဖျက်သိမ်းမည်
DVB
·
September 20, 2016
ဗလီအပါအ၀င် တရားမဝင်အဆောက်အဦ ၃၀၀၀ ကျော်ကို ဖျက်သိမ်းမည်
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာရှိတဲ့ တရားမ၀င် ဆောက်လုပ်ထားတဲ့ ဗလီတွေနဲ့ အဆောက်ဦတွေကို ဖျက်သိမ်းသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားလိုက်ပါတယ်။

တရားမဝင်ဆောက်လုပ်ထားတဲ့ ဗလီတွေနဲ့အဆောက်အဦတွေကို ဆောက်ခွင့်မပြုဖို့နဲ့ အဆောက်အဦတွေကို ဥပဒေနဲ့အညီ ဖျက်သိမ်းဖို့ ဆောင်ရွက်သွားမယ်လို့ စစ်တွေမြို့စစ်တွေမြို့ မင်းသူရိယခန်းမမှာ ဒေသခံတွေနဲ့ ဒီကနေ့တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောကြားလိုက်တာပါ။

“ကျနော်တို့က တရားမ၀င်ဆောက်လုပ်ထားတဲ့ ဗလီတွေကို ဆောက်ခွင့်မပြုဖို့ရယ်၊ ဆောက်ပြီးသား အဆောက်အဦတွေ ဖျက်သိမ်းဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တကယ်လို့ မလိုက်နာဘူးဆိုရင် ဥပဒေအတိုင်ဆောင်ရွက် ရမှာဖြစ်ပါတယ်။ လုပ်တဲ့အခါမှာ ရက်အကန့်သက်နဲ့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အမိန့်စာကို ကျနော်တို့ မကြာခင် ထုတ်ပြန်သွားပါမယ်။”

ဒါ့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့က မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် အပါအ၀င် ဌာနဆိုင်ရာတွေ မွတ်စလင်အုပ်ချုပ်ရေးမှူးတွေနဲ့တွေ့ဆုံမှုမှာလည်း ပြောဆိုခဲ့ပါတယ်။

အခုလို တရားမဝင်ဗလီတွေနဲ့ အဆောက်ဦတွေ ဖျက်သိမ်းလိုက်ပါက မလိုလားအပ်တဲ့ပြဿာနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တချို့က ထောက်ပြဆွေနွေးခဲ့ကြပါတယ်။

မောင်တော်မြို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တဦးက ” ဒီလိုအစီစဉ်တွေ ပြုလုပ်လာမယ်ဆိုရင် ဘာသားရေပဋိပက္ခတွေဖြစ်လာဖို့ ဦးတည်လာမယ်။ မလိုလားအပ်တဲ့ ပြဿာနာဖြစ်လာမယ်။ ဒါကကောင်းခြင်းရလဒ်မဟုတ်သလို ဒေသခံတွေအတွက် အကျပ်အတည်းဖြစ်စေပါမယ်” လို့ ပြောပါတယ်။

ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့စာရင်းဇယားအရ မောင်တောမြို့နယ်အတွင်းမှ တရားမဝင်အဆောက် အဦတွေကတော့ ဗလီ ၉ လုံး၊ အာရ်ဗီကျောင်း ၂၄ ကျောင်း၊ လူနေအိမ် ၁၆၆၇ လုံး၊ ဈေးဆိုင် ၄၄၅ ဆိုင် နဲ့ အခြားအဆောက်အဦ ၁၂၅ ခု၊ စုစုပေါင်း ၂၂၇၀ ခုရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်မှာ ဗလီ ၃ လုံး၊ အာရ်ဗီကျောင်း ၁၁ ကျောင်း၊ လူနေအိမ် ၈၇၆ အိမ်၊ ဈေးဆိုင် ၁၅၉ ဆိုင် နဲ့ အခြားအဆောက်အဦ ၇ ခု၊ စုစုပေါင်း ၁၀၅၆ ခုရှိတယ်လို့ သိရပါတယ်။

သတင်း - ၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013