DVB Logo
Home
မြန်မာသတင်း
တရားမ၀င် အိမ်ငှားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အရေးယူ
DVB
·
September 20, 2016
တရားမ၀င် အိမ်ငှားနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို အရေးယူ
Donate to DVB

မန္တလေးမြို့ ပြည်ကြီးတံခွန်ရပ်ကွက် ဇော်ဂျီလမ်းနဲ့ ကုသိုလ်တော်လမ်းကြား ၆၈ × ၆၉ လမ်းကြား အိမ်နံပါတ် ၆၀(ခ) မှာ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးကို သတ်မှတ်ထားတဲ့အတိုင်း ဟိုတယ်မှာ မတည်းခိုသလို သက်ဆိုင်ရာ လဝကကို အကြောင်းမကြားဘဲ အိမ်ငှားနေထိုင်တဲ့အတွက် အရေးယူထားပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးထဲမှာ ၄ ဦးက ပတ်စ်ပို့ ဗီဇာရက်လွန်နေပြီး ကျန် ၄ ဦးကတော့ သက်တမ်းကျန်ရှိနေသေးတယ်လို့ ပြည်ကြီးတံခွန်မြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးဇော်အောင်က ဒီဗွီဘီကို ပြောပါတယ်။

အရေးယူခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၈ ဦးဟာ တယ်လီနောကုမ္ပဏီရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ စက်တပ်ဆင်ရေးအတွက် ရောက်ရှိနေတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ လဝကကို အကြောင်းမကြားဘဲ သူတို့တတွေကို အိမ်ငှားပေးခဲ့တဲ့ တယ်လီနောကုမ္ပဏီက ဝန်ထမ်းဖြစ်သူ ကိုသော်တာစိုးကိုလည်း လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၅၁ နဲ့ အရေးယူ တရားစွဲဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013