DVB Logo
Home
မြန်မာသတင်း
ကာလာစုံ lesson ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်
DVB
·
September 20, 2016
ကာလာစုံ lesson ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်
1 / 5
Donate to DVB

အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ခေါင်းဆောင်ပါဝင်ရိုက်ကူးထားတဲ့ ‘ကာလာစုံ lesson’ ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ လဆန်းပိုင်း စတင်ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒါရိုက်တာမီးပွားက ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ ဆန်းသစ်လ၊ မာရီကိုနဲ့ ခင်သဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကာလာစုံ lesson’ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းမိတ်ဆက် ပြသပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက လှည်းတန်း၊ စံရိပ်ငြိမ်၊ ဂမုန်းပွင့်၊ မင်္ဂလာရုပ်ရှင်ရုံမှာ ပြသခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ပထမ ရိုက်ကူးစဉ်က ဗွီဒီယိုဇာတ်ကားအဖြစ် ရိုက်ကူးခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြောင်းလဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူးချိန် ကြာမြင့်ခဲ့ပေမယ့် ဇာတ်ကားက ကာရိုက်တာအတိုင်း သရုပ်ဆောင်ခဲ့တာမို့ အားရကျေနပ်မှုရှိပါတယ်လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ဒီဇာတ်ကားက ကျနော်တို့ ရိုက်ကူးခဲ့တာ အချိန်တော့ တော်တော်တော့ ကြာနေပါပြီ။ အကြောင်းကြောင်းတွေကြောင့် ကြန့်ကြာနေခဲ့ရတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ အခုမှ ဒီဇာတ်ကားလည်း ပြီးစီးသွားပြီးတော့ အခု ရုံရက်ရတဲ့အချိန်မှာ ရုံတင်ခွင့်ရတာ ဖြစ်ပါတယ်။  အချိန်ကာလ နည်းနည်းကြာသွားတာဆိုတော့ ကြည့်ရတာ ကိုယ့်ကိုယ်ကိုယ်တောင်မှ အဲဒီမှာ ပိုငယ်ပြီးတော့ ပိုပြီးတော့ fresh ဖြစ်နေတယ်လို့တောင် ခံစားရပါတယ်။ Fashion ပိုင်း ဘာညာလည်း အရမ်းကြီး ထူးထူးခြားခြား ဒိတ်အောက်နေတဲ့ အရသာမျိုးတော့လည်း မရပါဘူး။ ဒီဇာတ်ကားကလည်း ဖန်စီကား၊ အပျော်ကား၊ ဟာသကား အမျိုးအစားပေါ့လေ။ အပျော်ကြည့်တဲ့ အမျိုးအစားမျိုးလည်း ဖြစ်ပါတယ်။ နည်းနည်းလေး ကြာခဲ့ပြီလည်း ဖြစ်တဲ့အတွက် အရမ်းကြီးလည်း မမျှော်လင့်ထားပါဘူး။ ဒါပေမယ့် လာကြည့်မယ့် ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်မှုရနိုင်မယ်လို့ အခု ကျနော်တို့ နောက်ဆုံး ပြန်ကြည့်တဲ့အချိန်မှာတော့ အဲလိုမျိုးတော့ မျှော်လင့်ပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

ဒီဇာတ်ကားမှာ ပါဝင်ခွင့်ရတဲ့ သရုပ်ဆောင် ဆန်းသစ်လ ကလည်း ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားမို့ ရင်ခုန်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ညီမရဲ့ ပထမဦးဆုံးကားပါ။ အရမ်းကြီး ပြင်ဆင်ချိန်တော့ မရလိုက်ဘူး။ ကားရိုက်ရမယ့်အချိန်နဲ့ နည်းနည်းနီးတယ်ဆိုတော့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ထားတယ်။ ဒါပေမယ့် လိုအပ်ချက်တွေတော့ အများကြီး ရှိတယ်။ မိတ်ကပ်ရော၊ အ၀တ်အစားတွေရော ကိုယ့်ဘာသာကိုယ်တော့ သိပ်ပြီးတော့ ကျေနပ်မှုတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အတတ်နိုင်ဆုံးတော့ လုပ်ထားပါတယ်။ ညီမဘ၀ရဲ့ ပထမဦးဆုံး အမှတ်တရလေးပေါ့နော်။ ကိုယ့်ရဲ့ စပြီးတော့လုပ်ရတဲ့ အနုပညာခရီးမှာ ရုပ်ရှင်ကားကြီးတကား ရိုက်ခွင့်ရတဲ့အတွက် အရမ်းပဲ ၀မ်းသာပါတယ်။ အခွင့်အရေးပေးတဲ့ ကိုစိုင်းရော၊ မခင်စန္ဒာမြင့်ရော အရမ်းကျေးဇူးတင်ပါတယ်။ ပြီးတော့ ညီမကို မဖွေးလည်း အရမ်းလက်တွဲခေါ်တယ်။ ဦးမီးပွားကလည်း အစအဆုံး သင်ပေးတဲ့အတွက် ဒီနေရာကနေပြီးတော့ အရမ်းကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”

သတင်း-ညိုမာသက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013