
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မယ်သဝေါဒေသမှာ ဗိုလ်ချုပ်ကျော်သက်ဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရ၊ နယ်ခြားစောင့်တပ်တို့ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
တိုက်ပွဲကြောင့် မြိုင်ကြီးငူဒေသကို ရွာပေါင်း ၂၀ လောက်က ဒုက္ခသည် ၄ ထောင်နီးပါး ထွက်ပြေးခိုလှုံနေကြရပါတယ်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့အဖွဲ့ မြိုင်ကြီးငူအထူးဒေသမှာဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဒီနေ့ လာရောက်ကြည့်ရှုပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - ရဲဝင့်သူ










