DVB Logo
Home
မြန်မာသတင်း
ဒလ - ရန်ကုန်တံတား ၅ နှစ်အတွင်း အပြီးဆောက်မည်ဟု ဝန်ကြီးပြော
DVB
·
September 20, 2016
ဒလ - ရန်ကုန်တံတား ၅ နှစ်အတွင်း အပြီးဆောက်မည်ဟု ဝန်ကြီးပြော
Donate to DVB

ရန်ကုန်မြို့ ပတ်ဝန်းကျင်ဒေသဖွံ့ဖြိုးရေးနဲ့ ရန်ကုန်မြစ်ဝ ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးရေးတို့အတွက် ဆောက်လုပ်ဖို့ လိုအပ်တဲ့ ဒလ - ရန်ကုန်တံတားကို လာမယ့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်ပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောဆိုလိုက်ပါတယ်။

ဒလ မဲဆန္ဒနယ်က ဒေါက်တာစိန်မြအေး မေးမြန်းတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ JCAI တို့ပူးပေါင်းရေးဆွဲနေတဲ့ ဒလ-ရန်ကုန် တံတားစီမံကိန်း ရပ်ဆိုင်းရပါက အခြားနေရာမှာ တည်ဆောက်ပေးဖို့ အစီအစဉ် ရှိ/မရှိ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

“တံတားစီမံကိန်း စတင်နိုင်ဖို့ အတိုင်ပင်ခံ Consultant ကုမ္ပဏီ ရွေးချယ်ခြင်းအနေနဲ့ Consulant Contract Agreement စာချုပ်ချုပ်ဆိုနိုင်ရေးကို စာချုပ်ပါအချက်အလက်များအား ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က သဘောထားမှတ်ချက်ရရှိပြီးဖြစ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြသွားမှာဖြစ်ပါတယ်။ အတည်ပြုချက်ရရှိပါက အတိုင်ပင်ခံ Consultant ကုမ္ပဏီနဲ့ Contract Agreement ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အတိုင်ပင်ခံကုမ္ပဏီက အသေးစိတ်ပုံစံရေးဆွဲခြင်း (Detail Design) လုပ်ငန်းများဟာ (၈) လခန့်ကြာမြင့်မှာဖြစ်ပြီး ကန်ထရိုက်ရွေးချယ်ခြင်းမှာလည်း (၄)လခန့်ကြာမြင့်မှာဖြစ်ပါတယ်။ တည်ဆောက်ရေးကန်ထရိုက်တာရွေးချယ်ပြီးပါက တံတားတည်ဆောက်ရေးလုပ်ငန်းအား ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒလတံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ပြီးစီးရန်စီစဉ်ရေးဆွဲထားပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုပါတယ်။

တံတားတည်ဆောက်ဖို့အတွက် လမ်းအူကြောင်း ၃ ခုရွေးချယ်လျာထားခဲ့ပြီး အခုရွေးချယ်ထားတာကတော့ ရန်ကုန်ဘက်ကမ်း၊ လမ်းမတော်မြို့နယ်၊ ဘုန်ကြီးလမ်းနဲ့ ဒလဘက်ကမ်း၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းကိုရွေးချယ်ထားတာပါ။

အခုရွေးချယ်တဲ့ လမ်းအူကြောင်းဟာ ထိခိုက်မှု အနည်းဆုံးလမ်းကြောင်းဖြစ်တဲ့အတွက် ရွေးချယ်ထားတယ်လို့ သိရပါတယ်။

တံတားတည်ဆောက်စဉ်ကာလမှာလည်း ယာဉ်ကြောကြပ်တည်းမှုအနည်းဆုံးဖြစ်စေဖို့ ကိုရီးယားအတိုင်ပင်ခံ ကုမ္ပဏီနဲ့ Traffic Management ကို အသေးစိတ်တွက်ချက် စီစဉ်သွားမှာဖြစ်ပြီး အခြားနေရာမှာ ဒလ - ရန်ကုန်တံတား ဒါမှမဟုတ် မြစ်ဖြတ်ရေး လှိုဏ်ခေါင်းတည်ဆောက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဒလတံတားကိုတော့ ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF ချေးငွေနဲ့ မြန်မာအစိုးရထည့်ဝင်ငွေတို့နဲ့ တည်ဆောက်မှာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013