DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် လူ့အခွင့်အရေးဆုံးဖြတ်ချက်များ ဆက်လက်ချမှတ်ရန် ကုလသမဂ္ဂကို တိုက်တွန်း
DVB
·
September 20, 2016
Donate to DVB

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့  လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို  ဥရောပသမဂ္ဂ အီးယူက ဆက်လက် မတင်သွင်းဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် စိုးရိမ်ကြောင်းနဲ့  ကုလသမဂ္ဂအနေနဲ့ မြန်မာအပေါ် ဆုံးဖြတ်ချက်တွေ ဆက်လက်ချမှတ်ဖို့ ဥရောပ-မြန်မာကွန်ရက်က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေထဲ  လူ့အခွင့်အရေး တိုးတက်လုပ်ဆောင်ဖို့ မြန်မာကို အကြံပြုတိုက်တွန်းထားတဲ့အချက် အချက်ပေါင်း ၁၇ ချက်ထဲက ရွေးကောက်ပွဲနိုင်တဲ့အစိုးရကို အာဏာချောချောမွေ့မွေ့ လွှဲပေးခဲ့တဲ့ အချက် ၁ချက်ပဲ ပြည့်မီအောင်လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံမှာ အရပ်သား ဦးဆောင်တဲ့ အစိုးရတခုဖြစ်နေပေမယ့် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော် အကျဉ်းထောင်တွေမှာ ဆက်ရှိနေသေးတာအပါအ၀င် လူ့အခွင့်အရေးအခြေအနေကတော့ စိုးရိမ်စရာ ဆက်ရှိနေတုန်းပဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကော်မတီအစည်းအဝေးတွေမှာ အီးယူ ဥရောပ သမဂ္ဂက ဦးဆောင်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို တင်သွင်းဆွေးနွေးလေ့ရှိတာပါ။

အခုနှစ် မြန်မာအပေါ်ဆုံးဖြတ်ချက်တွေဆက်မချမှတ်တော့ရင်  မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး တိုးတက်အောင်ကြိုးပမ်းအားထုတ်မှုတွေကို အားလျော့စေလိမ့်မယ်လို့ ဥရောပ မြန်မာကွန်ရက်ကဝေဖန် ထောက်ပြပါတယ်။

ဒါ့အပြင်  တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လုပ်ဖို့ စစ်တပ်ကို လိုင်စင်ပေးလိုက်တဲ့ အဓိပ္ပာယ် သက်ရောက်စေမှာဖြစ်သလို ဒီမိုကရေစီပိုကျတဲ့ မြန်မာပြည်ဖြစ်လာစေရေးအတွက် ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို အတားအဆီးဖြစ်စေလိမ့်မယ်လို့ လည်း ဆိုပါတယ်။

ကြေညာချက်ထုတ်ပြန်တဲ့ ဥရောပ-မြန်မာကွန်ရက်အဖွဲ့ထဲမှာ ယူကေ၊ ပြင်သစ်၊ ဆွီဒင်၊ ဘယ်လ်ဂျီယံ၊ အိုင်ယာလန်နဲ့ အမေရိကန်  အခြေစိုက်မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ ၉ ဖွဲ့ပူးပေါင်းပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြန်မာအပေါ် လူ့အခွင့်အရေးဆုံးဖြတ်ချက်များ ဆက်လက်ချမှတ်ရန် ကုလသမဂ္ဂကို တိုက်တွန်း