DVB Logo
Home
မြန်မာသတင်း
ခေတ်မမီတော့သည့် ရဲဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်၌ ဆွေးနွေး
DVB
·
September 19, 2016
ခေတ်မမီတော့သည့် ရဲဥပဒေကို ပြင်ဆင်ရေးဆွဲရန် ပြည်သူ့လွှတ်တော်၌ ဆွေးနွေး
Donate to DVB

မြန်မာပြည် လွတ်လပ်ရေးမရခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ကိုလိုနီခေတ်ကတည်းကနေ လက်ရှိအချိန်အထိ အသုံးပြုနေတဲ့ ရဲအက်ဥပဒေတွေကို ခေတ်နဲ့အညီ ပြုပြင်ရေးဆွဲဖို့ကိစ္စ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်တဦးက တင်ပြဆွေးနွေးသွားပါတယ်။

စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော့သောင်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်က ၁၉၄၅ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရဲအက်ဥပဒေကို ခေတ်နဲ့လျော်ညီတဲ့ ဥပဒေဖြစ်အောင် ပြုပြင်ရေးဆွဲဖို့ အစီအစဉ်ရှိ/မရှိ မေးမြန်းသွားခဲ့တာပါ။

“ရဲဥပဒေပြဋ္ဌာန်းစဉ်ကာလက အာဏာသက်ရောက်သည့်မြို့၊ ကျေးရွာအမည်ပေါင်း ၂၂၀ ကို သတ်မှတ်ပြဋ္ဌာန်းခဲ့ပါကြောင်း၊ အာဏာသက်ရောက်ခြင်းဆိုသည့် ဒေသများတွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ် မပါရှိဘူး ဆိုသည့်အကြောင်း ဝမ်းနည်းစရာ တွေ့ရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ်ရှိပြီး ရဲဥပဒေ၊ ရဲအက်ဥပဒေအာဏာ သက်ရောက်စဉ် ပြဋ္ဌာန်းသည့်အချိန်မှ ထားဝယ်မြို့နှင့် မြိတ်မြို့၊ ပုလောမြို့တို့ကိုသာ ရဲအက်ဥပဒေ အာဏာသက်ရောက်သည်ဆိုသည့် အကြောင်းကို တွေ့ရှိရပါသည်။ ကျန်ရှိသည့် ၇ မြို့မှာ အာဏာသက်ရောက်မှု မရှိပါကြောင်း၊ ၁၉၄၅ ခုနှစ် လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က အင်္ဂလိပ် ကိုလိုနီလက်ထက်က ပြဋ္ဌာန်းခဲ့သော မသက်ရောက်သည့်မြို့၊ ကျေးရွာများကို အလျင်အမြန် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း” လွှတ်တော်အမတ် ဦးခင်ဇော်က ပြောပါတယ်။

ပြည်ထဲရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကတော့ ဝန်ကြီးဌာနအနေနဲ့ ရဲအက်ဥပဒေတွေကို လက်ရှိခေတ်စနစ်နဲ့ ကိုက်ညီစေဖို့ အများပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့  လေးစားလိုက်နာနိုင်မယ့်ဥပဒေ ဖြစ်စေဖို့ ၁၈၉၉ ရန်ကုန်ရဲအက်ဥပဒေနဲ့ ၁၉၄၅ ရဲဥပဒေနှစ်ရပ်ကို ပေါင်းပြီး အသစ်ပြင်ဆင်ရေးဆွဲထားတဲ့ မြန်မာနိုင်ငံ၏ ရဲတပ်ဖွဲ့ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခဲ့ပြီးဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် ရဲအက်ဥပဒေအရ အာဏာမတည်တဲ့ မြို့နဲ့ ကျေးရွာတွေမှာ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရာမှာ  ရာဇသတ်ကြီးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ အထူးနှင့် အထွေထွေ ဥပဒေတွေအပြင် ဒေသန္တရ ဥပဒေတွေအရလည်း ဆောင်ရွက်နေတယ်လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ရဲတပ်ဖွဲ့ဝင်အင်အား ၇၂၀၀၀ ကျော်ရှိတယ်လို့လည်း ဒီကနေ့ လွှတ်တော်မှာ ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013