DVB Logo
Home
မြန်မာသတင်း
ဒေါ်လာဈေးတက်မှုကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်
DVB
·
September 19, 2016
ဒေါ်လာဈေးတက်မှုကြောင့် လောင်စာဆီဈေးနှုန်း မြင့်တက်
Donate to DVB

အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းဈေးကွက်မှာ ဓာတ်ဆီနဲ့ ဒီဇယ် လောင်စာဆီဈေးနှုန်းတွေလည်း မြင့်တက်လာနေပါတယ်။

မန္တလေးမြို့မှာ သြဂုတ်လက အောက်တိန်း ၉၂ တလီတာကို ၅၈၀ ကျပ်၊ ၉၅ တလီတာကို ၈၂၀ ကျပ်၊ ၉၇ တလီတာကို ၉၁၀ ကျပ်၊ ဒီဇယ်ဆီ ၅၆၀ ကျပ်နဲ့ ရောင်းချခဲ့ရာက ခု စက်တင်ဘာလမှာ ၉၂ တလီတာ ၅၉၀ ကျပ်၊ ၉၅ တလီတာ ၈၃၀ ကျပ်၊ ၉၇ တလီတာ ၉၂၀ ကျပ်၊ ဒီဇယ်ဆီ ၅၈၀ ဈေးနှုန်းနဲ့ ဈေးနှုန်းမြင့်တက်လာပါတယ်။

ဘီအိုစီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းဆွေက “ဒီရက်ပိုင်းမှာ ဖြစ်နေတဲ့ ဒေါ်လာဈေးနှုန်းက ၁၂၄၀ ကျော် ၁၂၅၀ နီးပါးမှာ ဖြစ်နေတယ်ပေါ့နော်။ လက်ရှိ ဒီဈေးနှုန်းနဲ့ ကမ္ဘာ့ ဒီနေ့ဖြစ်နေတဲ့ စင်ကာပူမှာထွက်တဲ့ ရေနံဈေးတွေနဲ့ တွက်မယ်ဆိုရင်တော့ ဆီဈေးတွေက ၉၂ ဆိုရင် မန္တလေးမြို့အရောက် ၁ လီတာကို ကုမ္ပဏီသွင်းတဲ့ အရင်းဈေး ၅၂၅၊ ၅၃၀ နီးပါးလောက် ဒီနေ့ ဖြစ်နေတယ်” လို့ ပြောပါတယ်။

လမ်းဘေးက တပိုင်တနိုင် ဆီဆိုင်အသေးတွေမှာတော့ သြဂုတ်လက အောက်တိန်း ၉၂ တဂါလံကို ၂၃၀၀ ကျပ်ရှိခဲ့ပြီး စက်တင်ဘာလထဲမှာတော့ တဂါလံကို ၂၅၀၀ ကျပ်နဲ့ ရောင်းချနေပါတယ်။

“တဂါလံကို ပြီးခဲ့တဲ့လက ၂၃၀၀ ပေါ့နော်။ အောက်တိန်း ၉၂ ပေါ့။ ခုလဆိုရင် ၂၅၀၀ လောက် ပေါက်ဈေးဖြစ်နေတယ်။ ပေပါဈေးနှုန်းဆိုရင်တော့ တပေပါကို လက်ရှိပေါက်ဈေး တသိန်းတသောင်းကိုးထောင့်ငါးရာပေါ့။ စောစောပိုင်းတုန်းကဆိုရင်တော့ အရင်လတွေကဆို တသိန်းတသောင်းပေါ့။ တသိန်းတသောင်းတို့၊ တသိန်းကိုးထောင်တို့ပေါ့။ ခုတော့ တပေပါကို တသောင်းလောက် တက်သွားတယ်ပေါ့” လို့ ဆီအရောင်းအ၀ယ်လုပ်သူ ကိုဖိုးကျော်က ပြောပါတယ်။

ဒီရက်ပိုင်းမှာဖြစ်နေတဲ့ ဒေါ်လာဈေးနှုန်းက ၁၂၄၀ ကျော် ၁၂၅၀ နီးပါး ဖြစ်နေပြီး စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံဘက်ကနေတဆင့် ဆီတွေ တင်သွင်းတာကြောင့် ဒေါ်လာဈေးနှုန်း အတက်အကျပေါ်မှာ ဆီဈေးကမှီပြီး အတက်အကျ ရှိနေတာပါ။

သတင်း - အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013