DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံကော်မရှင် ဒေသခံလူထုနဲ့တွေ့ဆုံဆွေးနွေး
DVB
·
September 18, 2016
မြစ်ဆုံကော်မရှင် ဒေသခံလူထုနဲ့တွေ့ဆုံဆွေးနွေး
Donate to DVB

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်နဲ့ ကချင်ပြည်နယ်အတွင်းရှိ ပါတီ၊ တိုင်းရင်းသား၊ အရပ်ဘက်အဖွဲ့အစည်းတို့ မြစ်ကြီးနားမှာ ဒီနေ့ တွေ့ဆုံခဲ့ကြပါတယ်။

ကော်မရှင်အတွင်းရေးမှူး ဒေါက်တာဝင်းသိမ်းက တက်ရောက်လာသူများရဲ့ တင်ပြချက်များကို အလေးထား နားထောင်သွားမယ်လို့ ပြောခဲ့ပြီး ပါတီ၊ တိုင်းရင်းသားနဲ့ အရပ်ဘက် ၁၄ ယောက်က မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း တင်ပြခဲ့ကြပါတယ်။

လီဆူစာပေးနှင့် ယဉ်ကျေးမှုကော်မတီက ဒုတိယဥက္ကဋ္ဌ ဦးဇာကဲကတော့ ပြည်သူတွေ အကျိုးရှိရင်လုပ်ဖို့ အကျိုးမရှိရင် မလုပ်ဖို့ တင်ပြခဲ့ပါတယ်။

မြစ်ဆုံအရေနဲ့ ပတ်သက်တဲ့ဒီကော်မရှင်အဖွဲ့ဟာ မြစ်ဆုံးနဲ့ပတ်သက်တဲ့ အချက်အလက်အားလုံးကို နိုင်ငံတော်သမ္မတရုံးကို ၂၀၁၆ နိုဝင်ဘာ ၁၁ နေ့မှာ အစီရင်ခံတင်ပြနိုင်ဖို. အခုလိုပြင်ဆင်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဧရာဝတီ မြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့နဲ့ ဒေသခံတွေရဲ့ တွေ့ဆုံပွဲကို လူပေါင်း ၆၃၅ ယောက်တက်ရောက်ခဲ့ပေးမယ့် မြစ်ဆုံ မလိယန်ရွာအနေနဲ့ တဦးသာ တက်ရောက်ခွင့်ရခဲ့ပြီး  အောင်မြင်သာစံပြရွာကတော့ ၁၅၀ လောက်တက်ရောက်ခွင့်ရခဲ့ပါတယ်။

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ဟာ ကချင်ခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းအပါအ၀င် ပတ်သက်ဆက်စပ်နေတဲ့ လုပ်ငန်းများကို ကွင်းဆင်းလေ့လာသွားခဲ့ပါတယ်။

သင်းသင်းနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013