DVB Logo
Home
မြန်မာသတင်း
ရန်ကုန် ၃၅ လမ်းတွင် လူသတ်မှုဖြစ်၊ သတ်သူလည်း သေဆုံး
DVB
·
September 18, 2016
ရန်ကုန် ၃၅ လမ်းတွင် လူသတ်မှုဖြစ်၊ သတ်သူလည်း သေဆုံး
Donate to DVB

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း အလယ်ဘလောက်က တိုက်ခန်းတခုမှာ ဒီနေ့ မနက်ပိုင်းက လူသတ်မှုတခုဖြစ်ပွားခဲ့ပြီး သတ်တဲ့သူလည်း သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့မနက် ၁၁နာရီခန့်က အသက် ၆၀ ကျော် အဘွားတယောက်နဲ့ အသက် ၄၀ ကျော် သမီးဖြစ်သူတို့ နေထိုင်တဲ့ တိုက်ခန်းကို တူတော်စပ်သူ မြတ်ကိုလှိုင်ဆိုသူ ရောက်လာပြီး လူသတ်မှုဖြစ်ခဲ့တာပါ။

အခင်းဖြစ်ပွားပုံကို အဲဒီနေရာရောက်ခဲ့တဲ့ ကျောက်တံတားမြို့နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ ပြောပြတာက “အမျိုးဆိုတော့ တံခါးဖွင့်ပေးလိုက်တာပေါ့။ သူက အဒေါ်ကို ဒန်ပေါက်တွေဘာတွေလည်း ၀ယ်လာပေးသေးတယ်။ အတူစားလိုက်ကြသေး တယ်တဲ့။ ပြီးတော့ သမီးဖြစ်သူက ရေချိုးခန်းဝင်နေတုန်း အပြင်က သူ့အမေ အသံကြား ရတယ်တဲ့၊ သူ့သမီးက ပြန်ပြောပြတာ၊ ဘာလိုချင်လို့လည်း သား ဆိုပြီးတော့ သူ့အမေက အသံနက်ကြီးနဲ့အော်တယ်ပေါ့။ အဲ့လိုဆိုတော့ ပစည်းလိုချင်လို့ လာတဲ့ သဘောပဲလို့ ထင်ရပါတယ်။”

သူ့အမေ အသံကြားလို့ ရေချိုးခန်းကထွက်လာတဲ့ သမီးဖြစ်သူကိုလည်း သံတုတ်နဲ့ရိုက်လို့ အိမ်အောက်ပြေးဆင်းပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပါတယ်။

ဒီအချိန်မှာ သတ်တဲ့သူက ၃ ထပ်ကနေ အိမ်နောက်ဖေးပေါက်က ခုန်ချခဲ့ပြီး အကျမတော်ဘဲ မှောက်ရက်လဲပြီး သတိလစ်သွားလို့ ဆေးရုံပို့စဉ် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သတ်တဲ့သူမှာ သံတုတ်အဆင်သင့်ပါလာတာကို စီစီတီဗီကင်မရာမှာ တွေ့ရပြီး အဘွားကို သတ်တဲ့အခါမှာ တုတ်နဲ့ရော အိမ်ရှိ ဓားနဲ့ပါ ခုတ်သတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ လူသတ်မှုနဲ့ပတ်သက်လို့ ကျောက်တံတားမြို့နယ်ရဲစခန်းက သေမှုသေခင်းပုဒ်မ ၃၀၂၊ ပုဒ်မ ၃၂၅ အပြင်းအထန်နာကျင်စေမှုတို့နဲ့ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013