
၁၂ ဘီးကုန်တင်ယာဉ် အံဝှတ်အတွင်းမှာ သယ်ဆောင်လာတဲ့ တရားမဝင် ကျွန်းခွဲသား ၃ တန်ကျော် တိုက်ကြီးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် တိုက်ကြီးတိုးဂိတ်တွင် ပြည်-မှရန်ကုန်ဘက်သို့ မောင်းနှင်လာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်(ဟွန်ဒိုင်း)ကား အံဝှက်အတွင်း တရားမဝင်ကျွန်းသစ် ခွဲသား ၃ တန်ကျော်အား စက်တင်ဘာ ၁၈ ရက် နေ့လယ် ၁ နာရီ အချိန်မှာ ဖမ်းဆီးမိခဲ့တာပါ။
အဲဒီကုန်တင်ယာဉ်ပေါ်မှာ ကတ်ထူ စက္ကူများတင်ဆောင်လာပြီး အဲဒီ စက္ကူတွေရဲ့ အောက်အံဝှက် အတွင်းမှာ တရားမဝင် တင်ဆောင်လာဖြစ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး အရာရှိ ဦးဇော်သက်နှင့် တိုက်ကြီးမြို့မ ရဲစခန်းတို့မှ ပူပေါင်းဖမ်းဆီးမိခဲ့ပါတယ်။
အခုလိုဖမ်းဆီးရမိခဲ့လို့ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့နှစ်ဦးကို တိုက်ကြီးမြို့မရဲစခန်းမှာ အရေးယူဆောင်ရွက်နေတယ်လို့ တိုက်ကြီးမြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပေးပို့ - မေသွယ်










