DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့တွင် မိုင်း ၂ လုံးကွဲ လူ ၂ ဦး ပွဲချင်းပြီးသေဆုံး
DVB
·
September 18, 2016
မိုးညှင်းမြို့တွင် မိုင်း ၂ လုံးကွဲ လူ ၂ ဦး ပွဲချင်းပြီးသေဆုံး
Donate to DVB

မိုးညှင်းမြို့ အရှေ့တောင်ဘက် မြို့ရှောင်လမ်းနဲ့ နမ်ဂျမ်းလှည်းလမ်းဘေးမှာ မိုင်းပေါက်ကွဲတဲ့ အတွက် အမျိုးသား ၂ ဦး မိုင်းစထိမှန် သေဆုံးခဲ့ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့တောင်ဘက် မြို့ရှောင်လမ်း မိုင်တိုင်အမှတ်၂/၆ မှ အရှေ့တောင်သို့သွားသော နမ်ဂျမ်းလှည်းလမ်းဘေး ၅ ပေခန့်အကွာမှာ စက်တင်ဘာ ၁၇ ရက်နေ့ ၁၂ နာရီခွဲအချိန် မိုင်း ၂ လုံးပေါက်ကွဲမှုသတင်းအရ မိုးညှင်းမြို့ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊ ဒုမြို့နယ်ရဲမှူး၊ စခန်းမှူးတို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

မိုးညှင်းမြို့ အောင်သပြေ ၁ ရပ်ကွက်နေ အသက် ၆၄ နှစ်အရွယ် ဦးဌေးလှိုင်နဲ့ သားဖြစ်သူ မြင့်ဦး (၄၄ နှစ်)၊ မယားညီအကိုတော်သူ မျိုးဝင်း ၃၄ နှစ်တို့ ၃ ဦးဟာ တောင်ယာလုပ်တဲ့ အခင်းတဲသွားတဲ့ လှည်းလမ်းဘေးအနီး ကိုင်းခုတ်နေစဉ် မိုင်းဟု မသင်္ကာတဲ့ အရာဝတ္တုနဲ့ ဝါယာကြိုးများ ချိတ်ဆက်ထားတာကို တွေ့ရှိခဲ့ပါတယ်။

မိုင်းတွေ့ရှိတဲ့ ဦးဌေးလှိုင်က သားဖြစ်သူ မြင့်ဦးနဲ့ မျိုးဝင်းတို့ ၂ ဦးကို ခေါ်ယူအသိပေးပြသခဲ့ပြီး တဲသို့ပြန်လှည့်လာစဉ် မြင့်ဦးနဲ့ မျိုးဝင်းတို့က မိုင်းရှိတဲ့နေရာကို သွားရောက်ကြည်ရှုကြစဉ် မိုင်းပေါက်ကွဲ သံကြားတဲ့အတွက် ဦးဌေးလှိုင် သွားကြည့်ရာ သားဖြစ်သူမြင့်ဦးနဲ့ မျိုးဝင်းတို့မှာ နေရာမှာပက် မြင့်ဦးမှာ ဝဲလက်ကြေမွ ဒဏ်ရာ ၁ ချက်၊ ချက်အပေါ် ၁ လက်မခန့် ပေါက်ပြဲ၊ ဗိုက်ဝဲ ဖက် ၂ လက်မခန့် ပေါက်ပြဲ၊ ဝဲဖက်ပေါင်နဲ့ ခြေသလုံးကြေမွဒဏ်ရာ ၁ ချက်စီနဲ့ သေဆုံးနေပြီး မျိုးဝင်းမှာဦးခေါင်းဝဲခြမ်းပွင့်ထွက် ယာဖက်လက်ကြေမွဝဲဘက် ဒူးခေါင်းကြေမွဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း တွေ့ရှိရပါတယ်။ မိုင်းစမှန်သေဆုံးခဲ့သူ ၂ ဦးကို မိုးညှင်းပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမိုင်းကွဲတဲ့ နမ်ဂျမ်းလှည်းလမ်း ဒေသအခေါ် ဦးချစ်လှိုင်လမ်းသွယ်ဟာ ပြည်သူများအသုံး များတဲ့လမ်းတခုဖြစ်ပြီး ကျွဲနွားများလည်းစားတဲ့ နေရာလည်းဖြစ်ပါတယ်။

သတင်း - မုန်းမုန်းမင်း၊ ဓာတ်ပုံ - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013