DVB Logo
Home
မြန်မာသတင်း
လစာ ၃ သိန်းရရှိဝန်ထမ်းများအနေဖြင့် အိမ်ယာဝယ်ယူရန် အခက်အခဲရှိ
DVB
·
September 18, 2016
လစာ ၃ သိန်းရရှိဝန်ထမ်းများအနေဖြင့် အိမ်ယာဝယ်ယူရန် အခက်အခဲရှိ
1 / 7
Donate to DVB

ရန်ကုန်မြို့မှာလစာ ၃ သိန်းရရှိတဲ့ဝန်ထမ်းတွေ အမှုထမ်းတွေအနေနဲ့ အိမ်ယာဝယ်ယူဖို့ အခက်အခဲတွေရှိနေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့ပြစီမံကိန်း ရေးဆွဲရေးညွှန်ကြားရေးမှူး ဒေါက်တာတိုးအောင်က စက်တင်ဘာလ ၁၇ ရက်နေ့ကပြည်လမ်းရှိ IBC ခန်းမမှာပြုလုပ်တဲ့ တန်ဖိုးနည်းအိမ်ယာဆွေးနွေးပွဲမှာ ပြောပါတယ်။

လစာ ၃ သိန်းနဲ့ ၃ သိန်းအောက်ရရှိတဲ့ ၀န်ထမ်းအများစုကတော့ လက်ရှိမှာအိမ်ယာတွေ တည်ဆောက်နေပေမယ့်  ၀ယ်ယူနိုင်ခြင်းမရှိသလို အိမ်ပိုင် ယာပိုင် မရှိတဲ့သူကလည်း အများစု ဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က လစာ ၄ သိန်းရရှိတဲ့သူတွေကို ၀င်ငွေအလယ်အလတ်အဆင့်လို့ သတ်မှတ်ထား ပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ကတော့ လစာ ၃ သိန်းက ၀င်ငွေအလယ်အလတ် အဆင့်မှာပဲ ရှိပါတယ်။

ရန်ကုန်တမြို့လုံးက လစာဝင်ငွေကိုကြည့်မယ်ရင် လစဉ် ၁ သိန်းခွဲ ၂ သိန်းဝန်းကျင် ရရှိသူက ၅၀ ရာခိုင်နှုန်းလောက်ရှိပြီး ၂ သိန်းအထိရရှိတာက ၇၆ ရာခိုင်နှုန်းနဲ့ ၃ သိန်းအထိရရှိတာက ၉၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013