DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်း
DVB
·
September 17, 2016
အမျိုးသားပညာရေးမူဝါဒကော်မရှင် ဖွဲ့စည်း
Donate to DVB

စက်တင်ဘာလ ၁၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ကော်မရှင်ဖွဲ့စည်းရေးနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက တင်ပြပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြု လိုက်တာဖြစ်ပါတယ်။

ဒီကော်မရှင်ဖွဲ့စည်းရေးဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေနဲ့အညီ ပြည်ထောင်စုအစိုးရအဖွဲ့က ဆောင်ရွက်ရတာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးဖို့ တင်ပြလာ တာဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က နာယက မန်းဝင်းခိုင်သန်းက ပြောပါတယ်။ ဒါကြောင့် လွှတ်တော် အနေနဲ့ ကော်မရှင်ဖွဲ့စည်းခြင်းနဲ့ ကော်မတီမှာပါဝင်မယ့် လူပုဂ္ဂိုလ်တွေအပေါ် တစ်စုံတစ်ရာ ကန့်ကွက်ရန် မလို တာကြောင့် အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။
ဒီကော်မရှင်မှာ လူပုဂ္ဂိုလ် ၂၁ ဦး ပါဝင်ပြီး နိုင်ငံတော်သမ္မတ ရွေးချယ်အဆိုပြုတဲ့ နိုင်ငံဝန်ထမ်းမဟုတ်တဲ့ ပညာရှင် နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဌက ရွေးချယ်ပေးတဲ့ ပညာရှင် တစ်ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဌက ရွေးချယ်ပေးတဲ့ ပညာရှင် တစ်ဦး၊ ၀န်ကြီးဌာနက ကိုယ်စားလှယ် နှစ်ဦိး၊ အခြေခံပညာရေးကဏ္ဍက ပညာရှင် နှစ်ဦး၊ အဆင့်မြင့်ပညာရေးကဏ္ဍက ပညာရှင် ငါးဦး၊ နည်းပညာနှင့် အသက်မွေးပညာရေးကဏ္ဍက ပညာရှင် နှစ်ဦး၊ ဆရာအတတ်သင်ပညာရေးကဏ္ဍက ပညာရှင် နှစ်ဦး၊ လူတိုင်းအကျုံးဝင်ပညာရေးကဏ္ဍက ပညာရှင် တစ်ဦး၊ သင်ရိုးညွန်းတမ်းပညာရှင် နှစ်ဦး၊ ဥပဒေပညာရှင် တစ်ဦး တို့ ဖြစ်ပါတယ်။
ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ပြည်ထောင်စုလွှတ် တော်နဲ့ အစိုးရအဖွဲ့ကို အနည်းဆုံး ခြောက်လ တစ်ကြိမ် အစီရင်ခံတင်ပြဖို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013