DVB Logo
Home
မြန်မာသတင်း
ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဗိုလ်မှူးဇနီးမောင်နှံတို့ကို မိသားစုဝင်များ သင်္ဂြိုဟ်
DVB
·
September 17, 2016
ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် ဗိုလ်မှူးဇနီးမောင်နှံတို့ကို မိသားစုဝင်များ သင်္ဂြိုဟ်
1 / 3
Donate to DVB

တပ်ကုန်း - ကင်းသာ - ပင်လောင်းလမ်းမှာ သေဆုံးခဲ့ ဗိုလ်မှူးဇနီးမောင်နှံတို့ကို မိသားစုဝင် တွေက စက်တင်ဘာလ ၁၇ ရက်နေ့က သင်္ဂြိုဟ်ကြပါတယ်။

ဗိုလ်မှူးဝေဖြိုးအောင် ကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ စစ်သင်္ချိုင်းမှာ မနက် ၁၁ နာရီမှာ သင်္ဂြိုဟ်ခဲ့ပြီး ဇနီးဖြစ်တဲ့ ဒေါ်ခင်စန္ဒီကျော်ကို မိသားစုဝင်တွေက ရန်ကုန်ကို ပြန်လည် သယ်ဆောင်ခဲ့ပြီး ရေဝေးသုဿ    န်မှာ နေ့လည် ၂ နာရီအချိန်က သင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဘက်မိသားစုတွေကတော့ သေဆုံးမှုအတွက်အပြန်အလှန် လူသတ်မှုတွေနဲ့ တရားစွဲဆို ထားပြီး အမှုကိုတော့ စီအိုင်ဒီက စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်မှူးဝေဖြိုးအောင်ကို တပ်ကုန်း ကင်းသာ ပင်လောင်း မိုင်တိုင် ၈/၅ မှာ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီး ၄ နှစ်အရွယ် သမီးဖြစ်သူ အိပ်လျက်အနေအထားနဲ့ စက်တင်ဘာ ၁၃ ရက်နေက တွေ့ရှိခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒီကျော်ကို စက်တင်ဘာ ၁၄ ရက်နေ့က ဓားထိုးဒဏ်ရာတွေနဲ့သေဆုံးနေတာကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013