DVB Logo
Home
Lead Story
တရုတ်နိုင်ငံတွင် သရုပ်ပြပျံသန်းနေသည့် လေယာဉ်ငယ် ပျက်ကျ၊ လူ ၄ ဦး သေဆုံး
DVB
·
September 17, 2016
တရုတ်နိုင်ငံတွင် သရုပ်ပြပျံသန်းနေသည့် လေယာဉ်ငယ် ပျက်ကျ၊ လူ ၄ ဦး သေဆုံး
Donate to DVB

တရုတ်နိုင်ငံမြောက်ပိုင်းက ဟူးဘေးပြည်နယ်မှာ ကြာသပတေးနေ့က လေကြောင်းပြပွဲတခုမှာ လေယာဉ်ငယ်တစင်း သရုပ်ပြပျံသန်းရင်း ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်ပါသူ ၄ ဦးလုံး သေဆုံးသွားပါတယ်။

လေယာဉ်မှူး ၁ ဦးနဲ့ လိုက်ပါသူ ၃ ဦးသေဆုံးသွားပြီး မြေပြင်ပေါ်မှာတော့ ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူးလို့ အာဏာပိုင်တွေကပြောဆိုပါတယ်။

လူ ၅ ဦးလိုက်ပါနိုင်တဲ့ တရုတ်နိုင်ငံလုပ် အင်ဂျင်တလုံးတပ် လေယာဉ်ငယ်ဖြစ်ပြီး လေယာဉ်ပျက်ကျသွားခဲ့ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

ဒီလေကြောင်းပျံသန်းမှု ပြပွဲကို ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ကျင်းပခဲ့တာလို့လည်း သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013