DVB Logo
Home
မြန်မာသတင်း
ဆိုက္ကားဆရာငပိန်ဂိမ်း 2016 Tokyo Game Show တွင် ASEAN Character Award 2016 ဆုရွေးချယ်ခံရ
DVB
·
September 17, 2016
ဆိုက္ကားဆရာငပိန်ဂိမ်း 2016 Tokyo Game Show တွင် ASEAN Character Award 2016 ဆုရွေးချယ်ခံရ
1 / 5
Donate to DVB

အာရှမှာအကြီးဆုံးပွဲတခုဖြစ်ပြီး ဂျပန်နိုင်ငံမှာပြုလုပ်မယ့် 2016 Tokyo Game Show မှာ ASEAN Character Award 2016 ဆုကို မြန်မာနိုင်ငံ My play Co,Ltd က ဆိုက္ကား ဆရာငပိန် ဂိမ်းဟာ Special Jury award ဆုအဖြစ် ရွေးချယ်ခံရပါတယ်။

ဆုပေးပွဲကို 2016 Tokyo Game Show ကျင်းပရာ Makuhari Messe မှာ စက်တင်ဘာ ၁၇ ရက်နေ့ ကျင်းပမှာဖြစ်ပြီး My play Co,Ltd မှ CEO ကိုဇော်ရဲမြင့်နဲ့အတူ မြန်မာနိုင်ငံ ကွန်ပြူတာ လုပ်ငန်းရှင်များအသင်းမှ ဒေါ်သီရီခေတ် တို့ တက်ရောက်လက်ခံမှာဖြစ်ပါတယ်။

အခုလို ဆုရရှိတဲ့အတွက် ဂျပန်နိုင်ငံက ဂိမ်းအပါအ၀င် ဆော့ဝဲလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံလာပြီး မြန်မာလူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများလာမယ်လို့ မျှော်လင့်ပါတယ်လို့ My play Co,Ltd မှ CEO ကိုဇော်ရဲမြင့်က ဒီဗွီဘီကို ပြောကြားခဲ့ ပါတယ်။

စက်တင်ဘာ ၁၇ ရက်ကနေ ၁၈ ရက်အထိ ကျင်းပမယ့် 2016 Tokyo Game Show မှာ မြန်မာနိုင်ငံက My Play Co.Ltd နဲ့ Paragon Pictures တို့လည်း ၀င်ရောက်ပြသမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013