DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နည်းဥပဒေကို ၂၀၁၇ ခု မတ်လမတိုင်ခင် အပြီးရေးဆွဲမည်
DVB
·
September 16, 2016
မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ နည်းဥပဒေကို ၂၀၁၇ ခု မတ်လမတိုင်ခင် အပြီးရေးဆွဲမည်
Donate to DVB

စက်တင်ဘာလ ၁၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းဝေးမှာ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို မည်သည့်အချိန်မှာ ဖွဲ့စည်းမည်၊ မသန်စွမ်း သူတွေရဲ့အခွင့်အရေးဆိုင်ရာနည်းဥပဒေကို မည်သည့် အချိန်မှာ ရေးဆွဲပြဌာန်းနိုင်မည်ကို သိရှိလိုကြောင်း မေးခွန်းနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ဖြေဆို တာ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေရဲ့ အခွင့်အရေးဆိုင်ရာ အမျိုးသား ကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် မြန်မာနိုင်ငံ မသန်စွမ်း သူများအသင်းချုပ်ကို အဆိုပြုကိုယ်စားလှယ်စာရင်းတောင်းခံပြီး ဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။

ကော်မတီဖွဲ့စည်းနိုင်ဖို့အတွက် မသန်စွမ်းအဖွဲ့စည်းတွေ အချင်းချင်းကြား ပြန်လည်ညှိနှိုင်းဖို့ လိုအပ်နေခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ညှိနှိုင်းပေးနေရတာတွေကြောင့် ကြန့်ကြာနေတာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ဒုဝန်ကြီးဌာနအနေနဲ့ နည်းဥပဒေမူကြမ်းကို ရေးဆွဲပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ကို အကြံပြုနိုင်ဖို့ ပေးပို့ထားတယ်လို့ ပြောပါတယ်။

နည်းဥပဒေကို ၂၀၁၇ ခုနှစ် မတ်လမတိုင်ခင် အပြီးရေးဆွဲသွားမှာဖြစ်ပြီး မသန်စွမ်းသူတွေအားလုံး ကျေ နပ်နိုင်တဲ့ အခြေအနေရောက်အောင် ညှိနှိုင်းနေရတဲ့အတွက် ကြန့်ငြနေရတာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013