
မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေဖန်တီးပေးနိုင်တဲ့ လုပ်ငန်းတွေလာရောက် ရင်းနှီးမြှုပ်နှံကြဖို့ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ကမ်းလှမ်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့မှာ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီနဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းတို့က တည်ခင်းတဲ့ ညစာစားပွဲမှာ ပြောသွား တာဖြစ်ပြီး မြန်မာနိုင်ငံမှာ တာဝန်ယူတာဝန်ခံမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ကြဖို့၊ အကျင့်ပျက် လာဘ်စားမှုမရှိတဲ့ ကောင်းမွန်တဲ့ စီးပွားရေးအလေ့အကျင့်ကောင်းတွေကို ယူဆောင်လာကြဖို့လည်း တိုက်တွန်းသွားပါတယ်။










