DVB Logo
Home
မြန်မာသတင်း
ဖားကန့်ရေမဆေးကျောက်ရှာသူများကို ရဲတပ်ဖွဲ့က သေနတ်ဖောက်လူစုခွဲ (ရုပ်သံ)
DVB
·
September 16, 2016
ဖားကန့်ရေမဆေးကျောက်ရှာသူများကို ရဲတပ်ဖွဲ့က သေနတ်ဖောက်လူစုခွဲ (ရုပ်သံ)
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စုထဲက ကျောက်စိမ်းလုပ်ကွက်တခုမှာ ရာနဲ့ချီတဲ့ ရေမဆေးကျောက်ရှာသူတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး လှည့်ကင်းရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ဖောက်ပြီးလူစုခွဲခဲ့ရ ပါတယ်။

ရေမဆေးကျောက်ရှာသူ ၇၀၀ လောက်ဟာ ဆိတ်မူအုပ်စု စပေါ့မှော်က ရာဇဌာနီကုမ္ပဏီလုပ်ကွက်ထဲကို အုပ်စုလိုက်ဝင်လာတဲ့အတွက် ကုမ္ပဏီရဲ့တိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းမှာ သွားပြီး တားမြစ်ခဲ့တာလို့ ဖားကန့်မြို့နယ် ဆင်းရဲသားလျှော့ချရေး (မြစိမ်းရောင်စီမံကိန်း) ကော်မတီက ဦးနော်ဆန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဘယ်သူမှ ရှာဖွေလို့မရဘူး။ အဲဒီရာဇဌာနီကုမ္ပဏီက သီးခြားအခွင့်အရေးခံစားရတဲ့လုပ်ကွက်လို ဖြစ်နေတာပေါ့။ ရေမဆေးတွေရဲ့ အမြင်မှာ အဲလိုမျိုအမြင်ရှိသွားတာပေါ့။ အမြင်မကြည်တာတွေရှိတယ် သူတို့ထဲမှာ၊ တခြားနေရာ လည်းကျောက်တူးတာကမရှိ။ ကျောက်တူးတာကလည်း အဲဒီရာဇဌာနီမှာဘဲ ကျောက်တူး တယ်ဆိုတော့ ရေမဆေးရှာစရာနေရာလည်းမရှိဆိုတော့ အဲဒီနေရာမှာဘဲ ရှာချင်တဲ့ သဘောရှိ တယ်။ ပြီးတော့ ဒီရက်ပိုင်းမှာဘဲ ကျောက်စိမ်းရုံးက ထုတ်ပြန်ထားတဲ့ ကျောက်မျက် ဥပဒေကြောင့်လည်း တယောက်နဲ့ တယောက် အမြင်မကြည်လင်ကြဘူးပေါ့။ ကုမ္ပဏီနဲ့ အစိုးရအဖွဲ့နဲ့ ရေမဆေးအဖွဲ့တွေနဲ့ အခုအခံလိုဖြစ်နေတယ်၊”

အဲဒီလုပ်ကွက်ထဲဝင်လာတဲ့ ရေမဆေးကျောက်သမားတွေကို ဒုရဲအုပ် မောင်ကျော်ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင် ၁၂ ဦးက သွားရောက်ဟန့်တားရာမှာ ရေမဆေးကျောက်ရှာသူဘက်က ပြန်ပြီးအော်ဟစ်ဆဲဆိုတာ၊ ကျောက်ခဲနဲ့ ပေါက်တာတွေရှိတဲ့အတွက် ရဲဘက်က သေနတ် ၁၂ ချက် မိုးပေါ်ထောင်ပစ် ဟန့်တား ခဲ့တယ်လို့ပြောပါတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့ပေမယ့် ဒဏ်ရာရသူတော့ မရှိခဲ့ပါဘူး။

ဒီကနေ့မနက်ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာလည်း ရေမဆေးကျောက်သမား ၅၀ လောက်က ကျောက်ခဲတွေနဲ့ ပစ်ပေါက်အကြမ်းဖက်ခဲ့လို့ ရဲက သေနတ်နဲ့ ပစ်ဖောက် လူစုခွဲခဲ့ရတာလို့ ရေးသား ဖော်ပြပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အပတ်ကစပြီး ကျောက်မျက်တွေကို ခွင့်ပြုချက်မရဘဲ ရှာဖွေ တူးဖော်ခြင်း၊ ရောင်းဝယ်ခြင်း၊ သယ်ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်းမပြုဖို့ သက်ဆိုင်ရာက သတိပေး ထားပြီးတဲ့နောက် ကျောက်လုပ်ငန်းကိုသာ အဓိက မှီခိုအားထားရှာဖွေ စားသောက် နေရသူတွေ အခက်တွေ့နေရပါတယ်။

ရုပ်သံ - ဇော်မိုးထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013