DVB Logo
Home
မြန်မာသတင်း
ယမ်းထောင်းသေနတ် ကိုင်ဆောင် ရမ်းကားသူကို ဖမ်းဆီးအရေးယူ
DVB
·
September 16, 2016
ယမ်းထောင်းသေနတ် ကိုင်ဆောင် ရမ်းကားသူကို ဖမ်းဆီးအရေးယူ
1 / 2
Donate to DVB

14322363_178624702573564_5098383814369383321_nကော့သောင်းမြို့မှာ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယမ်းထောင်းသေနတ် ကိုင်ဆောင် ရမ်းကားသူနဲ့ နေအိမ်အတွင်း မူးယစ်ရမ်းကားပြီး ပစ္စည်းတွေ ဖျက်ဆီးနေသူကို ဖမ်းဆီးအရေးယူထားပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၁၂ အချိန်လောက်က ရဲအုပ်အောင်ဇော်မင်းထွန်း ဦးစီးနယ်ထိန်းအဖွဲ့ဟာ ကော့သောင်းမြို့ အောင်ဘာကျေးရွာက နေအိမ်တလုံးမှာ မူးယစ်ရမ်းကားပြီး ပစ္စည်းတွေ ဖျက်ဆီးနေတဲ့ ၀င်းထွေးကို သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဒီဗွီဘီ နယ်ခံသတင်းထောက်က ပြောပါတယ်။

အလားတူ ကော့သောင်းမြို့ အောင်ဘာကျေးရွာ ကမ်းသာယာရပ်နေ အသက် ၃၉ နှစ်အရွယ် နိုင်လင်းဟာ အရက်သေစာ သောက်စားမူးယစ်ပြီး လက်လုပ် ယမ်းထောင်းသေနတ်အား ခဲသီးယမ်းမှုန့်တွေ အသင့်ထည့်ထားကာ ရမ်းကားနေကြောင်း သိရှိရတဲ့အတွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့များ ပြည်သူစစ် အဖွဲ့တွေနဲ့အတူ သွားရောက်ဖမ်းဆီးခဲ့ပါတယ်။

ကိုနိုင်လင်းထံမှ ပစ်ခတ်ဖို့ အသင့်ပြုလုပ်ထားရှိတဲ့ လက်လုပ်ယမ်းထောင်းသေနတ် ၁ လက်၊ ဓားဦးချွန် ၁ ချောင်း ယမ်းကတ်၊ ယမ်းမုန့်နဲ့ ခဲသီးတွေ ပါရှိတဲ့ စစ်စိမ်းရောင် ဘေးလွယ်အိတ်တအိတ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး လက်နက်ဥပဒေအရ အရေးယူ ဆောင်ရွက် နေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ-Pa Loat

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013