DVB Logo
Home
မြန်မာသတင်း
မသန်စွမ်း ဦးနေလင်းစိုး Charles T.Manatt Democracy Award ဆု လက်ခံရယူ
DVB
·
September 16, 2016
မသန်စွမ်း ဦးနေလင်းစိုး Charles T.Manatt Democracy Award ဆု လက်ခံရယူ
1 / 7
Donate to DVB

အမေရိကန်ပြည်ထောင်စု မြို့တော် ၀ါရှင်တန်အခြေစိုက်  International Foundation for Electoral Systems အဖွဲ့ကပေးအပ်တဲ့ Charles T.Manatt Democracy Award ဆုကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ရဲ့ စီအီးအို ဦးနေလင်းစိုးက စက်တင်ဘာ ၁၃ ရက်နေ့မှာ လက်ခံ ရယူခဲ့ပါတယ်။

မသန်စွမ်းအခွင့်အရေးလှုပ်ရှားဆောင်ရွက်မှုတွေ၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲနယ်ပယ်တွင် လှုပ်ရှားဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုပြီး သူ့ကို ပေးအပ်တာ ဖြစ်ပါတယ်။

အဆိုပါ ဆုအမျိုးအစားမှာ ကမ္ဘာ့အဆင့် ဆုအမျိုးအစားဖြစ်ပြီး ကမ္ဘာအရပ်ရပ် အသီးသီးမှ တနှစ်လျှင် လူပုဂ္ဂိုလ် ၃ ဦးသာ ရွေးချယ်ပေးအပ်သော ဆုဖြစ်ကြောင်း သိရှိရပါတယ်။

အရင်နှစ်တွေက ဆုရရှိခဲ့သူတွေကတော့ တောင်အာဖရိက၊ ဗင်နီဇွဲလား၊ ကင်ညာ၊ လက်ဘနွန်၊ ချီလီ၊ ယူကရိန်း၊ မက္ကဆီကိုနိုင်ငံတို့မှ ဖြစ်ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံးဆုလည်း ဖြစ်သလို မသန်စွမ်းတဦးကို ပထမဆုံး ပေးအပ်ချီးမြှင့်တဲ့ဆုလည်း ဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - MILI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013