DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီအပင်ပေါက် သင်းသတ်မခံရရေး ဂရုစိုက်ကြရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး
DVB
·
September 15, 2016
ဒီမိုကရေစီအပင်ပေါက် သင်းသတ်မခံရရေး ဂရုစိုက်ကြရန် လွှတ်တော်ဥက္ကဋ္ဌ သတိပေး
Donate to DVB

ဒီမိုကရေစီအပင်ပေါက်လေး သင်းသတ်မခံရအောင် မျက်ခြည်မပြတ် ဂရုစိုက်ကြပါလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်ပါတယ်။

နေပြည်တော်လွှတ်တော်၊ သဘင်ဆောင်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျနော်တို့ အားလုံးဟာ ဒီမိုကရေစီ အပင်ပေါက်လေးကို သင်းသတ်မခံရအောင် မျက်ခြည်မပြတ် ဂရုစိုက်ကြပါ ဒီမိုကရေစီကို တနည်းနည်းနဲ့ တိုက်ဖျက်နေတဲ့ အန္တရာယ်ရန်စွယ်ကိုလည်း သတိတရားဖြင့် ကာကွယ်ကြပါ။ ဒီမိုကရေစီကို ရန်မူကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကိုလည်း သဘောထားကြီးကြီး သည်းခံခြင်းတို့နဲ့ ဆက်ဆံကြပါ။ ဒီမိုကရေစီကို ကာကွယ်ကြရမယ့် ကျနော်တို့တတွေ ကိုယ်နှိုက်ကလည်း အမှားကင်းအောင် အထူးကြိုးစားကြပါ။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမြစ်တွယ်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့လည်း ဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို လွှတ်တော်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဖွင့်စကား ပြောပါတယ်။

အဲ့ဒီနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ရဲ့ သ၀ဏ်လွှာတွေကို အစိုးရကိုယ်စားလှယ်တွေက ဖတ်ကြားပါတယ်။

တခါ လွှတ်တော်တွင်းရောက်နေကြတဲ့ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေက သူတို့ပြုစုထားတဲ့ စာတမ်းတွေကို အသီးသီးဖတ်ကြားခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အပိတ်စကား ပြောခဲ့ပါတယ်။

ပါတီအသီးသီးက ကိုယ်စားလှယ်တွေ စာတမ်းဖတ်ကြားခဲ့ရာမှာ အများစုက အမျိုး သမီးတွေဖြစ်နေတာ တွေ့ရပြီး ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုဖတ်ကြားခဲ့တဲ့ ဒေါ်ခင်စောဝေက လူနည်းစုဆန္ဒကို အလေးထားဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

“လူနည်းစုနဲ့ လူများစုမှာ အမြဲတမ်းပဲ လွှတ်တော်မှာလည်း ကြုံတွေ့နေရတယ်။ အဲ့ဒီအတွက်ကြောင့် ဒီမိုကရေစီစနစ်မှာ လူများစုက နိုင်တယ်ဆိုပေမယ့်လည်း အနည်းစု ဆန္ဒကိုလည်း အလေးထား စဉ်းစားကြဖို့ ဆိုတဲ့အကြောင်း ပါပါတယ်။”

မြန်မာပြည်မှာ လွှတ်တော်အသီးသီး ပေါ်လာပြီးတဲ့နောက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ကျင်းပပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီတကြိမ်က ၆ ကြိမ်မြောက် ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။

အခု တကြိမ်မှာ လူငယ်နဲ့ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေကိုပါ တက်ရောက်ပြီး စာတမ်းဖတ်ကြားစေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013