DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် စုပေါင်းပါဝင်ဆောင်ရွက်ရန် သမ္မတ တိုက်တွန်း
DVB
·
September 15, 2016
ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် စုပေါင်းပါဝင်ဆောင်ရွက်ရန် သမ္မတ တိုက်တွန်း
Donate to DVB

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေး ဒီမိုကရေစီစိတ်ဓာတ်၊ ဒီမိုကရေစီအကျင့်ကို အရင်းခံကာ အပြန်အလှန်နားလည်၊ လေးစားယုံကြည်၊ ချစ်ကြည်ရင်းနှီးမှုတွေနဲ့ စုပေါင်း ပါဝင်ဆောင်ရွက်သွားကြဖို့ သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကို ပေးပို့တဲ့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

“နိုင်ငံသူနိုင်ငံသားများအနေဖြင့် ဒီမိုကရေစီ ဆိတ်သုဉ်းသော ဘဝကို ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်း ကျင်လည်ခဲ့ရသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ လွတ်လပ်မှု၊ တန်းတူညီမှု၊ တရားမျှတမှုများ ကင်းမဲ့သော အနေအထားများမှ လွတ်မြောက်ရန်အတွက် အများပြည်သူတို့ တောင်းဆိုခဲ့၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြသဖြင့် ယခုအခါ ဒီမိုကရေစီလမ်းကြောင်း အစ၌ အခြေချမိကြခြင်း ဖြစ်ပါသည်။ သို့သော် ဒီမိုကရေစီစနစ် အမြစ်တွယ်အောင်၊ ခိုင်မာတောင့်တင်းအောင်နှင့် ရေရှည်တည်တံ့အောင်ကား နိုင်ငံသူ နိုင်ငံသားအများ ဝိုင်းဝန်း၍ ဆက်လက်ကြိုးပမ်း တည်ဆောက်ကြရဦးမည်” လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဟာ အသွင်ကူးပြောင်းရေးကတဆင့် ခိုင်မာတည်တံ့တဲ့အဆင့် ရောက်ရှိစေဖို့ မျိုးဆက်သစ် လူငယ်လူရွယ်တွေ အပါအဝင် ပြည်သူလူထုတရပ်လုံးရဲ့ နိုင်ငံရေး ယဉ်ကျေးမှု ခိုင်မာလာရန် လိုအပ်တယ်၊ အများစုရဲ့ အဆုံးအဖြတ်ကို အနည်းစုက လက်ခံလိုက်နာတာ၊ အနည်းစုရဲ့ အခွင့်အရေးကို အများစုက လေးစားတာ၊ မတူကွဲပြားမှုတွေကို အပြန်အလှန် သည်းခံတာ စတဲ့ ခိုင်မာရင့်ကျက်တဲ့  ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်ဖို့လည်း သမ္မတက တိုက်တွန်းပြောသွားပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော် ပြည်ထောင်စုလွှတ်တော် သဘင်ဆောင်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ကျင်းပသွားရာမှာ လွှတ်တော်အကြီးအကဲတွေနဲ့ ပြည်ထောင်စုဝန်ကြီးတွေ အပါအ၀င် လွှတ်တော် ၂ ရပ်လုံးက တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013