DVB Logo
Home
မြန်မာသတင်း
တရားမ၀င်အလုပ်သမား ဖမ်းဆီးမှုတွင် မြန်မာအများဆုံးပါဝင်
DVB
·
September 15, 2016
တရားမ၀င်အလုပ်သမား ဖမ်းဆီးမှုတွင် မြန်မာအများဆုံးပါဝင်
Donate to DVB

ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်သမား ဖမ်းဆီးနှိမ်နင်းမှုတွေနဲ့ ပတ်သက်ပြီး ၁၁ လတွင်း အနှစ်ချုပ်စာရင်းကို ထုတ်ပြန်ရာမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးဖြစ်နေပါတယ်။

ထိုင်းနိုင်ငံ တည်ငြိမ်အေးချမ်းရေးကောင်စီ (စစ်အစိုးရ) ရဲ့ ညွှန်ကြားချက်အရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက လုပ်ငန်းခွင်တွေကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ၂၀၁၅ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၆ သြဂုတ် ၃၁ ရက်ထိ ၁၁ လတာ ကာလအတွင်း တရားမ၀င် အလုပ်သမား ၂၉၄၄ ဦးနဲ့ တည်ဆဲဥပဒေ မလိုက်နာတဲ့ အလုပ်ရှင်ပေါင်း ၄၈၁ ဦးကို အရေးယူခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းအာရတ် ဖရုမ်း မနီးက သတင်းထောက်တွေကို ထုတ်ပြန်ပြောဆိုပါတယ်။

ဘန်ကောက်ခရိုင်က လုပ်ငန်းခွင်ပေါင်း ၂၉၈၈ နေရာမှာ ၀င်ရောက်စစ်ဆေးပြီး အလုပ်ရှင်ပေါင်း ၂၁၇ ဦးနဲ့ အလုပ်သမားပေါင်း ၁၂၉၈ ဦးကို အရေးယူခဲ့ကာ အလုပ်သမားတွေမှာ မြန်မာနိုင်ငံသား ၆၇၅ ဦး၊ လာအိုနိုင်ငံသား ၈၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၃၈၁ ဦးနဲ့ အခြားနိုင်ငံသား ၁၅၄ ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အခြားခရိုင်တွေမှာတော့ လုပ်ငန်းခွင်ပေါင်း ၂၆၃၈ နေရာက အလုပ်ရှင် ၂၆၄ ဦး၊ အလုပ်သမား ၁၆၄၆ ဦးတို့ကို အရေးယူခဲ့ပြီး အလုပ်သမားတွေက မြန်မာ ၉၃၉ ဦး၊ လာအို ၁၂၀ ဦး၊ ကမ္ဘောဒီးယား ၃၇၀ ဦးနဲ့ အခြားနိုင်ငံသား ၁၂၇ ဦးတို့ ပါဝင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ၁၉၉၉ ခုနှစ် အလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ကြမ်းနဲ့ အိမ်ဖော်အမျိုးအစားထဲပါဝင်တဲ့ အခြေခံအလုပ် ၂၄ မျိုးကိုသာ လုပ်ခွင့်ရှိတယ်လို့လည်း ထိုင်းအလုပ်သမားညွှန်ချုပ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013