DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မရှင် အသိအမှတ်မပြုအဆို ပြည်နယ်လွှတ်တော် အတည်ပြု
DVB
·
September 14, 2016
ရခိုင်ကော်မရှင် အသိအမှတ်မပြုအဆို ပြည်နယ်လွှတ်တော် အတည်ပြု
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ အရေးကြီးအဆိုကို ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ပါတယ်။

စက်တင်ဘာ ၁၂ ရက်က စစ်တွေမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့တဲ့ အဆိုကို ဒီနေ့လွှတ်တော်ထဲ ကိုယ်စားလှယ် ၁၄ ယောက်က ထောက်ခံဆွေးနွေးခဲ့ကြပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သံတွဲမြို့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က အဖွဲ့ချုပ်ကိုယ်စားလှယ်တွေအနေနဲ့ ခပ်မဆိတ်ပဲနေလိုက်ပြီး မကန့်ကွက်ခဲ့ဘူးလို့ ပြောပါတယ်။

ရခိုင်အကြံပေးကော်မရှင်အပေါ် ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုအဆို အောင်သွားတဲ့အတွက် လွှတ်တော်က ပြည်နယ်အစိုးရကို တိုက်တွန်းမှာဖြစ်ပြီး ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရကို ဆက်လက်တိုက်တွန်းမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ဖျက်သိမ်းပေးရန် မကြာသေးခင်က ပြည်သူ့လွှတ်တော်အတွင်း ရခိုင်ပါတီက တောင်းဆိုခဲ့ဖူးပြီး အဆို ပယ်ချခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013