DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးနေဟု သမ္မတ ပြော
DVB
·
September 14, 2016
မူးယစ်ဆေးက နိုင်ငံတည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက်ပေးနေဟု သမ္မတ ပြော
Donate to DVB

မူးယစ်ဆေးဝါးအန္တရာယ်က နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အနှောင့်အယှက် အဟန့်အတား ပေးနေပြီလို့ သမ္မတ ဦးထင်ကျော်က ပြောလိုက်ပါတယ်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သမ္မတနဲ့ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ် သင်တန်းသားများ တွေ့ဆုံပွဲမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး ကျောင်းသားတွေကို မူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကြီးမားပုံအကြောင်း စာသင်ကြားရင်း ပြောပေးကြဖို့ တိုက်တွန်းခဲ့တာပါ။

“မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါးသည် နယ်စပ်ဒေသများမှ မြို့ပေါ်အထိ ငယ်ရွယ်သူ ကျောင်းသားများ၊ အနာဂတ်၏ သားကောင်း သမီးကောင်း ရတနာများကို ခြိမ်းခြောက် အန္တရာယ်ပြုနိုင်သည့် အလားအလာများ တွေ့နေရပါကြောင်း။ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုများ၏ လူမှုစီးပွားရေးဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အနှောင့်အယှက် အဟန့်အတား ဖြစ်စေမည့် ဤမူးယစ်ဆေးဝါးအန္တရာယ်ကို မိမိတို့ သားတပည့်များကတဆင့် သိကျွမ်းလာမည့် မိဘများကိုပါ အခြေအနေပေးတိုင်း ဆွေးနွေး ပြောကြားစေလိုပါကြောင်း။”

သမ္မတဦးထင်ကျော်နဲ့ ဒီနေ့ တွေ့ခဲ့ကြသူတွေဟာ မူလတန်းဆရာအတတ်သင် ၃ နှစ် သင်တန်းကို တက်ရောက်ခဲ့ပြီး မကြာခင် သူတို့ဒေသတွေမှာ ကျောင်းဆရာလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ဦးထင်ကျော်က တိုင်းရင်းသားသင်တန်းသားတွေကို အစိုးရကလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ကြိုးပမ်းလုပ်ဆောင်နေမှုတွေကိုလည်း ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013