DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် ကျောင်းဆရာ မလုံလောက်၍ ကျောင်းသားမိဘများ စုပေါင်းငှားရမ်း
DVB
·
September 14, 2016
မြိုင်မြို့နယ်တွင် ကျောင်းဆရာ မလုံလောက်၍ ကျောင်းသားမိဘများ စုပေါင်းငှားရမ်း
Donate to DVB

ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ကျောင်းတချို့မှာ ကျောင်းဆရာ မလောက်တာကြောင့် ကျောင်းသားမိဘတွေ စုပေါင်းပြီး ကျောင်းဆရာ ငှားရမ်းသင်ကြားနေရပါတယ်။

ပခုက္ကူခရိုင် မြိုင်မြို့နယ် ဒေါင်အိုကြီးရွာ အလယ်တန်းကျောင်းခွဲမှာ ကျောင်းဆရာ မလုံလောက်ဖြစ်နေပါတယ်။ အလယ်တန်းအတွက် ခွဲဝေရထားတဲ့ ကျောင်းဆရာ သုံးဦးအနက် တဦးက ရာထူးတိုးသွားသလို တဦးက မီးဖွားခွင့်ယူသွားတာလို့ ဆိုပါတယ်။

ဒါပြင် မူလတန်းကလည်း ရာထူးတိုးတယောက်ပါသွားပြီး ကျောင်းရှိအတန်းအရေအတွက်နဲ့ ကျောင်းဆရာ အရေအတွက် မလုံလောက်တာကြောင့် ကျောင်းသားမိဘတွေက ဆရာငှားရမ်းပေးထားရတယ်လို့ ဒေါင်အိုကြီးကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းကော်မတီဝင် ဦးသန်းဝင်းက ပြောပါတယ်။

“ဆရာ ဆရာမ အကန့်က မူကြိုအတွက်က ၂ ယောက်ငှားထားတယ်။ မူလွန်ကျောင်းအတွက်က သားဖွားခွင့်ယူတဲ့သူအတွက် တယောက်ငှားထားရတယ်။ မူလတန်းက ပြောင်းသွားတဲ့ ဆရာအတွက်က မငှားရသေးဘူး၊ နောက် မူလွန်ကလည်း ပြောင်းသွားတာက မငှားရသေးဘူး၊ ဒါဆိုနောက် နှစ်ယောက်လိုသေးတယ် ငှားရမှာ။”

လက်ရှိအနေနဲ့ ကျောင်းသားတဦးကို ကျောင်းဆရာငှားခ တထောင်ကျော်ကျနေပြီး နောက်ထပ်နှစ်ယောက် ငှားရဦးမယ်ဆိုရင် ကျောင်းသားတဦးကို သုံးထောင်ကျော်ကျမယ်လို့ ကျောင်းသားမိဘတွေကပြောပါတယ်။

ခုလို ကျောင်းဆရာငှားခက ကျောင်းသားတဦးကို သုံးထောင်ကျော် ကျနေမယ်ဆို ကျောင်းသားမိဘတွေအနေနဲ့ အခက်အခဲဖြစ်လာလိမ့်မယ်လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဦးစံလင်းက ပြောပါတယ်။

“တယောက်တည်းရှိတဲ့ လူအဖို့တော့ သုံးထောင်ဆိုတာ ဖြစ်ညှစ်ပြီး ထားနိုင်သေးတယ်ပေါ့။ ၂ ယောက်၊ ၃ ယောက် အင်မတန် အခက်အခဲ ကြုံတွေ့နိုင်ပါတယ်။ သုံးယောက်လောက်ဆို ကိုးထောင် တသောင်းလောက်ဖြစ်တော့မှာပါ။ ခုလောက်ကြီးပေးရမယ်ဆို ကလေးတွေရဲ့ ပညာရေးက ခက်ခဲတော့တာပေါ့။"

လက်ရှိအနေနဲ့ မြိုင်မြို့နယ်မှာရှိတဲ့ အထက၊ အလက၊ အမကတွေအပြင် ကျောင်းခွဲတွေပါ အပါအဝင် ကျောင်းပေါင်း ၂၅၄ ကျောင်းအတွက် အထက်တန်းပြ ၈၂ ဦး အလယ်တန်းပြ ၁၈ ဦး၊ မူလတန်းကျောင်းအုပ် ၇ ဦး၊ မူလတန်းပြအတွက် ၅၇ ဦး လိုအပ်နေတယ်လို့ မြိုင်မြို့နယ် ပညာရေးမှူးရုံးတာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013