DVB Logo
Home
မြန်မာသတင်း
ကသာမြို့နယ်တွင် တရားမ၀င်ကျွန်းသစ်တင် မော်တော်တစီး ဖမ်းမိ (သတင်းဓာတ်ပုံ)
DVB
·
September 14, 2016
ကသာမြို့နယ်တွင် တရားမ၀င်ကျွန်းသစ်တင် မော်တော်တစီး ဖမ်းမိ (သတင်းဓာတ်ပုံ)
1 / 7
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ကျောက်ထုံးကြီးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းမှာ တရားမဝင် ကျွန်းခွဲသားတွေ တင်ထားတဲ့ သံခွန်မော်တော်တစီးကို စက်တင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းအရ သွားရောက်စစ်ဆေးရာ မြတ်မိဘ သံခွန် မော်တော်ဝမ်းဗိုက်အတွင်းမှာ အန်ဝှက်တွေ ပြုလုပ်ပြီး တင်ဆောင်ထားတဲ့ ကျွန်းခွဲသား ၁၀ တန်လောက် ဖမ်းဆီးရမိခဲ့တာလို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

“တချို့တ၀က်ကတော့ ရှာဖွေသိမ်းဆည်းပြီးပါပြီ။ နောက်ထပ် ရှာဖွေစရာ အခန်းတွေလည်း ကျန်နေပါသေးတယ်" လို့ ကသာမြို့နယ် သစ်တောဦးစီးမှူး ဦးတင်ထွဏ်းက ပြောပါတယ်။

ကသာခရိုင်အတွင်းမှာ တရားမဝင် သစ်ထုတ်ယူမှုတွေ များပြားလာနေတဲ့အတွက် ကျွန်းသစ်တွေ၊ အင်ကညင်သစ်တွေ ရှားပါးလာပြီး သစ်ဈေးနှုန်းထက် ၁ သိန်းကျော်လောက် သိသိသာသာ မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ကျွန်းခွဲသားတွေကို ပြည်သူပိုင်ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး တရားမဝင်သစ်တွေ သယ်ဆောင်လာတဲ့ မြတ်မိဘ မော်တော်နဲ့ ယာဉ်ပိုင်ရှင်၊ သစ်ပိုင်ရှင်တွေကို သစ်တောရေးရာ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်နေပါတယ်။

သတင်း ဓာတ်ပုံ - သီဟဆွေ (ကသာ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013