DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံ
DVB
·
September 14, 2016
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်ဝန်ကြီးချုပ် တွေ့ဆုံ
Donate to DVB

ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က လက်ခံတွေ့ဆုံပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရသူကတော့ "အခုလို ခေါင်းဆောင် ၂ ယောက် တွေ့ဆုံမှုဟာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်သွားနိုင်ဖို့ အခွင့်အရေးကောင်းတခု ဖြစ်ကြောင်း၊ ဗြိတိန်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အမြဲမပြတ် စောင့်ကြည့်နေသလို အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေအတွက် ပံ့ပိုးကူညီဖို့ နည်းလမ်းတွေ ရှာဖွေသွားမှာဖြစ်ကြောင်း" ပြောဆိုသွားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း "မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး အောင်မြင်မှုရရှိစေဖို့ ဗြိတိန်နိုင်ငံက အစဉ်တစိုက် ကူညီအားပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်းနဲ့ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ လိုအပ်တဲ့အကူအညီတွေ ပေးအပ်သွားစေလိုပါကြောင်း" ပြောကြားပြီး ဗြိတိန်ဝန်ကြီးချုပ်ကို မြန်မာနိုင်ငံ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

ဗြိတိန်နိုင်ငံကနေ အမေရိကန်နိုင်ငံကို ဆက်လက်ထွက်ခွာသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

ဒါ့အပြင် အမေရိကန် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ၇၁ ကြိမ်မြောက် အထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013