DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဟာ ဥရောပခရီးသွားများအတွက် ဆွဲဆောင်မှုအရှိဆုံးနိုင်ငံဖြစ်လာ
DVB
·
September 13, 2016
မြန်မာနိုင်ငံဟာ ဥရောပခရီးသွားများအတွက် ဆွဲဆောင်မှုအရှိဆုံးနိုင်ငံဖြစ်လာ
Donate to DVB

အာရှနိုင်ငံတွေထဲမှာ မြန်မာနဲ့ ဂျပန်နိုင်ငံတွေဟာ ဥရောပနိုင်ငံတွေက ကမ္ဘာလှည့်ခရီးသွားကို ပိုမိုဆွဲဆောင်ဆုံး နိုင်ငံတွေဖြစ်လာနေတယ်လို့ အာဂိုဒါ ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့ လေ့လာချက် တခုမှာ ဖော်ပြပါတယ်။

ကမ္ဘာလှည့် ခရီးသွားတွေအတွက် ဟိုတယ်နဲ့ နေစရာနေရာတွေကို အွန်လိုင်းကနေ ၀န်ဆောင်မှု ပေးရာမှာ ထိပ်တန်းကုမ္ပဏီတခုဖြစ်တဲ့ အာဂိုဒါ Agoda ကုမ္ပဏီဟာ မကြာသေးခင်က ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိချက် ရလဒ်ကို ဒီကနေ့ ထုတ်ပြန်ခဲ့တာပါ။

ကုမ္ပဏီရဲ့ Agoda.com ၀က်ဆိုက်မှာ သန်းနဲ့ချီတဲ့ ခရီးသွားတွေရဲ့ ကြိုတင်ဘိုကင်လုပ်တဲ့ အချက်အလက်တွေအရ လွန်ခဲ့တဲ့ ၁၂ လအတွင်း မြန်မာနဲ့ ဂျပန်ဟာ ဥရောပက အလည်လာ သူတွေ လာရောက်မှု အလျှင်အမြန်တိုးတက်လာဆုံးနိုင်ငံလို့ တွေ့ရှိခဲ့တာပါ။

မြန်မာနိုင်ငံထဲက မွန်ပြည်နယ် မော်လမြိုင်ကိုသွားရောက်လည်ပတ်ဖို့ ကြိုဘိုကင်လုပ်သူတွေဟာ ၂၀၁၄ က စပြီး ၂ ဆလောက်တိုးတက်လာခဲ့တယ်ဆိုပါတယ်။ မော်လမြိုင်ဟာ ကိုလိုနီခေတ် ဗိသုကာတွေနဲ့ စည်ကားတဲ့ မြစ်ကမ်းနားတို့ဟာလူသိများသလို ကရင်ပြည်နယ် ဘားအံဟာ လည်း ဆွဲဆောင်မှုရှိပြီး မျက်စိပသာဒရှိတဲ့ တောင်တွေနဲ့ ၀န်းရံထားတယ်လို့ ဆိုပါတယ်။

မော်လမြိုင်ကိုလာရောက်တဲ့ ဥရောပခရီးသွား မနှစ်ကထက်စာရင် ၉၀ ရာခိုင်နှုန်းတိုးလာပြီး ဘားအံကို လာရောက်သူ ၈၅ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ် သီပေါကိုလာရောက်သူ ၆၄ ရာခိုင်နှုန်း တိုးတက်လာ တယ်လို့ ဆိုပါတယ်။

အာဂိုဒါဝန်ဆောင်မှုလုပ်ငန်း ဒုဥက္ကဋ္ဌ အယ်လ်ရိုကွတ်ကီက “မြန်မာပြည်က တချို့ထူးခြားတဲ့ သွားလည်စရာနေရာတွေဟာ တဖြည်းဖြည်းချင်းလမ်းပွင့်လာနေပြီး အခြေခံအဆောက်အဦတွေ တိုးတက်လာတာ ကျေးဇူးတင်စရာပါ။ ရန်ကုန်၊ မန္တလေးနဲ့ ပုဂံအပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေ ပုံမှန်လည်ပတ်နေကျနေရာတွေလည်း တိုးချဲ့လာနေပါတယ်။”လို့ပြောပါတယ်။

ဒါ့အပြင် ပင်လယ်ကမ်းခြေတွေနဲ့ သဘာဝအလှဆွဲဆောင်မှုရှိတဲ့ တခြားနေရာတွေဟာလည်းပဲ ဥရောပ နိုင်ငံသားတွေအကြား ရေပန်းစားနေတယ်လို့ဆိုပါတယ်။

အာရှအခြေစိုက် အာဂိုဒါကုမ္ပဏီဟာ ကမ္ဘာတ၀န်း ဟိုတယ်ပေါင်း ၇သိန်းခွဲကျော်နဲ့ ကွန်ရက်ချိတ်ဆက် ပြီး ခရီးသွားတွေအတွက် ဟိုတယ်နေရာအတွက် ကြိုတင်စီစဉ် ၀န်ဆောင်မှု ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013