DVB Logo
Home
မြန်မာသတင်း
လမ်းဘေးဈေးရောင်းချမှုများကို ရန်ကုန်မြို့တော်စည်ပင် ကြပ်မတ်
DVB
·
September 13, 2016
လမ်းဘေးဈေးရောင်းချမှုများကို ရန်ကုန်မြို့တော်စည်ပင် ကြပ်မတ်
Donate to DVB

ရန်ကုန်မြို့မှာ လမ်းဘေး ဈေးရောင်းချတာတွေကို မြို့တော်စည်ပင်က ကြပ်မတ်နေပါတယ်။

လမ်းဘေးဈေးသည်တွေအနေနဲ့ ညနေပိုင်းမှာ ရောင်းချဖို့၊ ဆိုင်ခန်းပုံစံ ဖြစ်စေတဲ့ အမိုးတွေ မသုံးဖို့ စတဲ့ စည်းကမ်းတွေကို စည်ပင်က သတ်မှတ်ပေးထားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

မြို့တော်ဝန်က လမ်းဘေးဈေးသည်တွေကို ကြပ်မတ်မယ်လို့ ပြောလိုက်ပြီးနောက်ပိုင်းမှာ ခုလို ဆောင်ရွက်လာတာဖြစ်ပြီး စည်းကမ်းနဲ့မညီတဲ့ ဈေးသည်တွေကိုလည်း လိုက်လံဟန့်တားတာတွေ ပြုလုပ်နေတာပါ။

“ပြီးခဲ့တဲ့ လလယ်လောက်က အစည်းအဝေးခေါ်တယ်။ ဒီလို ထီးလေးထောင့်နဲ့ ရောင်းချဖို့ ခွင့်မပြုဘူးလို့ သူတို့က ပြောတယ်။ အချိန်နဲ့ရောင်းချဖို့၊ ၃ နာရီအတိမှာ ရောင်းချဖို့အတွက် ခေါ်ပြီးတော့ ဆွေးနွေးတယ်။ ဒီနေ့က ကျနော်တို့တွေက စောခင်းမိတဲ့အတွက် သူတို့က ပြန်သိမ်းခိုင်းတာ။ ပစ္စည်းတွေ ဘာတွေ မသိမ်းဘူး။ ဟိုတုန်းကရောင်းခဲ့တဲ့ပုံစံက ၀တ်စုံနဲ့ လိုင်စင်ကို ရင်ဘတ်မှာချိတ်ပြီးတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကပေါ့၊ လမ်းဘေးဈေးသည်တွေကို ရှင်းမယ်ဆိုရင်တော့ ကျနော်တို့ကို နေရာအစားပေးမယ်၊ ရောင်းချစားသောက်လို့ရမယ့် နေရာမျိုး ပေးရင်တော့ အဆင်ပြေတာပေါ့” လို့ လမ်းဘေးမှာ အထည်ရောင်းချသူ ကိုရွှေသိန်းက ပြောပါတယ်။

ရန်ကုန်မှာ လမ်းဘေးဈေးရောင်းတာကို ၁၉၈၉ ခုနှစ်က တရားဝင်ပုံစံနဲ့ စတင်ခွင့်ပြုခဲ့ပြီး စည်ပင်ကလည်း ဈေးကောက်ယူခဲ့တယ်လို့ ဈေးသည်တချို့က ပြောပါတယ်။

“ကျနော်တို့အတွက် ဒီရွက်ဖျင် လေးထောင့်ထီးက မိုးတွင်းကျတော့ မသုံးမဖြစ်တဲ့ပစ္စည်း ဖြစ်နေတယ်။ အဲဒါကြောင့်မို့လည်း သုံးရတာ။ အခု ဒီနေရာမှာ မရောင်းရဘူးဆိုတော့ဗျာ၊ သူတို့ နေရာအခင်း ချပေးမယ်ဆိုရင်တော့ သူတို့ အဆင်ပြေသလို ကိုယ်ကလည်း လုပ်ရမှာပေါ့” လို့ လမ်းဘေးမှာ ဦးထုပ်ရောင်းချသူ ကိုအောင်ခင်က ပြောပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ လမ်းဘေးဈေးရောင်းချသူတွေဆီက ဈေးကောက်မယူတော့ဘဲ လက်ရှိအစိုးရလက်ထက်မှာ ဈေးသည်တွေကို ကြပ်မတ်ဖို့ စဉ်းစားလာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013