DVB Logo
Home
Lead Story
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
September 13, 2016
လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား နေပြည်တော်တွင် ကျင်းပ (ဓာတ်ပုံ)
1 / 5
Donate to DVB

မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားကို နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ စက်တင်ဘာ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ဒုသမ္မတ ဟန်နရီဗန်ထီးယူ၊ ပြည်ထောင်စု အစိုးရဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဒုဝန်ကြီးတွေ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဝင်တွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ NGO/INGO ကိုယ်စားလှယ် တွေ တက်ရောက်ခဲ့ကြပါတယ်။

"လူကုန်ကူးမှု တိုက်ဖျက်တာကို တမျိုးသားလုံးကနေ တာဝန်တစ်ရပ်အဖြစ် လူသားတိုင်းကနေ ပူးပေါင်းပါဝင်စေဖို့၊ လူကုန်ကူးတဲ့အမှုတွေကို တရားစွဲဆိုတဲ့အခါမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့၊ လူကုန်ကူးခံရသူတွေကို ဝိုင်းဝန်းပြီးတော့ စာနာထောက်ထားတဲ့အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့တွေလိုနေသေးတယ်"လို့ ဒုတိယရဲမှူးကြီး သက်နောင် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ဦးစီးအရာရှိ(ပထမတန်း)က ပြောပါတယ်။

လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို ၂၀၀၄ ခုနှစ်ကတည်းက အာဆီယံနိုင်ငံတွေ၊ မဲခေါင်ဒေသ ၆ နိုင်ငံ၊ သြစတြေးလျနိုင်ငံတွေနဲ့ ပူးပေါင်းတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒါအပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ် နိုင်ငံတွေနဲ့လည်း ၂၀၀၉ ခုနှစ်မှာ နားလည်မှု စာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013