
အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ကနေ အမေရိကန် ဒေါ်လာ ၁၈၅ ဒသမ ၅ သန်းနဲ့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကနေ ယူရိုငွေ ၂၅ သန်းကို ၀န်ကြီးဌာန ၃ခုက ချေးယူခွင့်ပြုဖို့ မနေ့က ပြည်ထောင်စု လွှတ်တော်မှာ တင်ပြအတည်ပြုချက်တောင်းခံလိုက်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန် ဒေါ်လာ ၇၅ သန်းနဲ့ ပြင်သစ် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီကနေ ယူရို ၂၅ သန်း ချေးယူမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနက အာရှဖွံ့ဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၅ သန်း ချေး ယူမှာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ စီမံချက်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ အမေရိကန်ဒေါ်လာ ၁၂ သန်း ချေးယူမှာဖြစ်ပါတယ်။
ဒီချေးငွေနှစ်ခုလုံးအတွက် ဆိုင်းငံ့ကာလ ၈ နှစ်ဖြစ်ပြီး ပြန်ဆပ်ကာလကတော့ အာရှဖွံ့ဖြိုးရေးဘဏ်က ၂၄ နှစ်၊ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီက ၁၂ နှစ်ဖြစ်ပါတယ်။










