DVB Logo
Home
မြန်မာသတင်း
ခေတ်ကာလနှင့်ကိုက်ညီမှုမရှိသည့် ဥပဒေများကို ရုပ်သိမ်းပြင်ဆင်အသစ်ပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
DVB
·
September 13, 2016
ခေတ်ကာလနှင့်ကိုက်ညီမှုမရှိသည့် ဥပဒေများကို ရုပ်သိမ်းပြင်ဆင်အသစ်ပြဋ္ဌာန်းရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
Donate to DVB

ခေတ်ကာလနဲ့ ကိုက်ညီမှုမရှိတဲ့ ဥပဒေတွေကို ရုပ်သိမ်းပြင်ဆင် အသစ်ပြဋ္ဌာန်းဖို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီလို ရှင်းလင်းတင်ပြချက်ကို ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုယ်စား ဒုတိယဥက္ကဋ္ဌ ဦးကိုကိုနိုင်က စက်တင်ဘာ ၁၂ ရက်နေ့မှာ တင်ပြခဲ့တာပါ။

လွှတ်တော်အတွင်းမှာ ဥပဒေတွေကို ပြဋ္ဌာန်းနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ နည်းဥပဒေတွေကို ရေးဆွဲထုတ်ပြန်ဖို့ကတော့ သတ်မှတ်ထားတဲ့ ရက်ပေါင်း ၉၀ အတွင်း မထုတ်ပြန်နိုင်တဲ့အပြင် ၃ နှစ်တိုင်အောင် နည်းဥပဒေ ရေးဆွဲထုတ်ပြန်နိုင်မှု မရှိဘူးလို့လည်း ဆိုပါတယ်။

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေထဲမှာ နည်းဥပဒေ မထုတ်ပြန်နိုင်သေးတဲ့ ဥပဒေ ၂၇ ခုရှိတယ်လို့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရဲ့ စိစစ်တွေ့ရှိချက်အရ သိရပါတယ်။

အခုလို ဆောင်ရွက်ဖို့ သင့်မသင့် အတည်ပြုမှုကို လွှတ်တော်အတွင်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013