DVB Logo
Home
မြန်မာသတင်း
ယာဉ်စည်းကမ်းထိန်းသိမ်းဆောက်ရွက်နေသည့် ရဲတပ်ကြပ်ကြီးကို ဆိုင်ကယ်တိုက် ထွက်ပြေး
DVB
·
September 12, 2016
ယာဉ်စည်းကမ်းထိန်းသိမ်းဆောက်ရွက်နေသည့်  ရဲတပ်ကြပ်ကြီးကို ဆိုင်ကယ်တိုက် ထွက်ပြေး
Donate to DVB

ဝမ်းတွင်းမြို့မှာ ယာဉ်စီးကမ်းထိန်းသိမ်းရေးဆောင်ရွက်နေတဲ့ ရဲတပ်ကြပ်ကြီးက ဆိုင်ကယ်စီး ဦးထုပ်မပါလို့တားမြစ်စဉ် ဆိုင်ကယ်က ဝင်တိုက်ထွက်ပြေးတဲ့အတွက် ရဲတပ်ကြပ်ကြီးတဦး ဒဏ်ရာရှိ ခဲ့ပါတယ်။

မန္တလေးတိုင်း ဝမ်းတွင်းမြို့မရဲစခန်းရှေ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဆောင်ရွက်နေစဉ် စက်တင်ဘာလ ၁၁ ရက် ညနေ ၄ နာရီအချိန်က အနောက်ဘက်ကနေ အရှေ့ဘက်ကို ဦးတည် မောင်းလာတဲ့ Click အမျိုးအစား မောင်းသူ ကျော်ဆန်းဝင်း ဟာ ဦးထုတ်မပါပဲ မောင်းနှင်လို့ တပ်ဖွဲ့ဝင်တွေက တားမြစ်ရာမရပ်တံ့ဘဲ မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။

အဲဒီလို မောင်းနှင်ထွက်ပြေးခဲ့လို့ ရဲစခန်းအလယ်ပေါက်အဖွဲ့မှာရှိတဲ့ တပ်ကြီး မျိုးမင်းသက်မှာ ရပ်တံ့ဖို့ ကြိုးစားရာကနေ ၀င်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုက်မိခဲ့လို့ တပ်ကြပ်ကြီးမျိုးမင်းသက်မှာ ဝဲဘက်မျက်ခုံး၊ နှုတ်ခမ်း၊ ပါး၊ တံတောင် တို့ ပေါက်ပြဲဖူးယောင် ဒဏ်ရာရှိခဲ့လို့ ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ အလုပ်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ တားမြစ်ခြင်းကို မရပ်တံ့ပဲ ထွက်ပြေးပြီး တပ်ဖွဲ့ဝင်ကိုဒဏ်ရာရစေအောင် ပြုလုပ်သူ ကျော်ဆန်းဝင်းကို အလုပ်တာဝန် ဝတ္တရားနှောင့်ယှက်ပြီး သာမန်ဒဏ်ရာရစေမှု ပုဒ်မ ၃၃၂ နဲ့ ဝမ်းတွင်းမြို့မ ရဲခစန်း က အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

သတင်း - မောင်မောင်လင်း (၀မ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013