DVB Logo
Home
မြန်မာသတင်း
ပဲခူးရိုးမတောအတွင်း တောဆင်ရိုင်းအနင်းခံရ၍ အမျိုးသားတဦးသေဆုံး
DVB
·
September 12, 2016
ပဲခူးရိုးမတောအတွင်း တောဆင်ရိုင်းအနင်းခံရ၍ အမျိုးသားတဦးသေဆုံး
1 / 4
Donate to DVB

ပဲခူးရိုးမတော မာဂရီသစ်တောကြိုးဝိုင်းအတွင်း အမျိုးသားတဦး မနေ့ညက တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ပါတယ်။

တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့ဘက် ပဲခိုးရိုးမတောစပ် မာဂရီသစ်တောကြိုးဝိုင်း ရေသိုးကျေးရွာ အုပ်စုမှာ စက်တင်ဘာ ၁၁ရက်နေ့ ည ၁၁ ခွဲအချိန်က အမျိုးသားတဦး တောဆင်ရိုင်း အနင်းခံရပြီး သေဆုံးခဲ့ပါတယ်။

"ကျမတို့လင်မယားက ကျွန်းပင်ပေါ်မှာ လင့်စင်ထိုးနေပြီး တောင်ယာအလုပ်ကို လုပ်တာပါ။ ညက စကားပြောနေတုန်း လင့်စင်ပြိုပြီး ပြုတ်ကျရာကနေ တောဆင်ရိုင်းကို တွေ့ရတာပါ။ ည အမှောင်ဖြစ်နေတော့ ဘာမှမမြင်ရပါဘူး။ ပတ်ဝန်းကျင်မှာ နေတဲ့သူတွေနဲ့လည်း ဝေးနေတော့ အော်ဟစ်အကူအညီတောင်းပေမယ့်လည်း မရပါဘူး။ ဒါကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးခဲ့ရတယ်”လို့ သေဆုံးသူရဲ့ဇနီးဖြစ်သူက ပြောပါတယ်။

သေဆုံးသူဦးတင်မြိုင်မှာ အသက် ၅၇ နှစ်ဖြစ်ပြီး ဦးခေါင်းအရေပြားပေါက်ပြဲဒဏ်ရာ၊ ဆီးခုံ ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ရင် ပေါက်ပြဲဒဏ်ရာ၊ ခန္ဓာကိုယ်တ၀ိုက် အသားစထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိရပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းနှစ်စဉ်တောဆင်ရိုင်းတွေဟာ တောစပ်မှာရှိတဲ့ ဒေသခံတွေ စိုက်ပျိုး ထားတဲ့ သီးပင်စားပင်တွေကို လာရောက်ဖျက်ဆီးပြီး လူတွေကိုလည်း အန္တရာယ်ပေး နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

တောဆင်ရိုင်းတွေဟာ တခါတလေအုပ်စုနဲ့ လာတက်ပြီး တခါတလေ တကောင်တည်း လာတတ်ပါတယ်။ ရွာနဲ့ဝေးတဲ့နေရာမှာ အလုပ်လုပ်ရတဲ့သူတွေဆို သစ်ပင်ပေါ် လင့်စဉ်ထိုးနေရ ပါတယ်။ ရွာထဲကိုဆင်တွေဝင်ရင် သံဗုံတီးခြင်း၊ မီးတုတ်တွေနဲ့ အော်ဟစ်ခြောက်လှန့်တာတွေ ပြုလုပ်ပြီး မောင်းထုတ်နေရပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းမှာ တောဆင်ရိုင်းအနင်းခံရပြီး သေဆုံးသူဦးရေမှာ ၁ နှစ်ကို ၃ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြားခဲ့ပါတယ်။

အခု သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓမ္မာတာအတိုင်သေဆုံးခြင်း ဟုတ်မဟုတ်သိနိုင်ဖို့ ဥက္ကံတိုက်နယ်ဆေးရုံမှာ စစ်ဆေးပြီး ဥက္ကံမြို့ရဲစခန်းမှ သေမူသေခင်းအမှတ်စဉ် ၉/၂၀၁၆ တို့နဲ့ ဒုရဲအုပ်စိုးမြင့်က ဆောင်ရွက်နေတယ်လို့ ဥက္ကံရဲစခန်းက ပြောပါတယ်။
သတင်း - မေသွယ် CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013