DVB Logo
Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့နယ်တွင် အသက် ၈၄ နှစ်အရွယ်အဖိုးအိုတဦး ကြိုးဆွဲချသေဆုံး
DVB
·
September 12, 2016
တောင်တွင်းကြီးမြို့နယ်တွင် အသက် ၈၄ နှစ်အရွယ်အဖိုးအိုတဦး ကြိုးဆွဲချသေဆုံး
Donate to DVB

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် အသက် ၈၀ ကျော် အဖိုးအိုတဦး စက်တင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကြိုးဆွဲချသေဆုံးခဲ့တဲ့ အဖိုးအိုဟာ တောင်တွင်းကြီးမြို့နယ်၊ စစ်တားကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာနေ အသက် ၈၄ နှစ်ရှိ ဦးထွန်းအောင် ဆိုသူဖြစ်ပြီး နေအိမ် အနောက်ဘက်ရှိ အမြင့် ၁၂ ပေခန့်ရှိ နွားတင်ကုတ် ထုပ်တန်းတွင် အရှည် ၅ ပေခန့်၊ လုံးပတ် ၅ မူးလုံးခန့်၊ ၃ လွန်းတင် ပလပ်စတစ်ကြိုးအား ကွင်းလျှောပြုလုပ်ကာ လည်ပင်းအား ကြိုးကွင်းစွပ် ကြိုးဆွဲချ သေဆုံးခဲ့တာပါ။

ကြိုးဆွဲချသေဆုံးခဲ့တဲ့ ဦးထွန်းအောင်ဟာ အသက် ၆၇ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်မုန်းကြည်နဲ့အတူ နှစ်ဦးတည်း နေထိုင်သူဖြစ်ပြီး သူသေဆုံးနေတာကို အသက် ၁၃ နှစ်ရှိ မြေးတော်စပ်သူ မောင်သက်နိုင်ဝင်း (ခ) ဖိုးသားမှ စတင်တွေ့ရှိခဲ့ပါတယ်။ ပြီးနောက် ဆယ်အိမ်စုမှူး (ရွာခွဲတာဝန်ခံ) ဦးမြင့်လွင်ထံမှတဆင့် ဆတ်သွားနယ်မြေရဲတပ်ဖွဲ့စခန်းသို့ သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဆတ်သွားနယ်မြေရဲတပ်ဖွဲ့စခန်းမှ ခေတ္တစခန်းမှူး ဒုတိယရဲအုပ် ချစ်စိုးမင်းနဲ့အဖွဲ့က သက်သေတွေနဲ့အတူ သွားရောက်စစ်ဆေးရာ ပလပ်စတစ်ကြိုးအား ကွင်းလျှောပြုလုပ်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လျှက် အနောက်ဘက်သို့ မျက်နှာမူကာ ဦးခေါင်းမှာ ညာဘက်သို့ စောင်းလျှက်အနေအထားနဲ့ နှပ်ထွက်၊ သွားရည်ထွက်၊ လျှာအနည်းငယ်ကိုက်ပြီး သေဆုံးနေတာ ကို တွေ့ရှိခဲ့ပါတယ်။

ဦးထွန်းအောင်သေဆုံးတာနဲ့ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးနိုင်ဖို့အတွက် တာဝန်မှူး ဒုတိယရဲအုပ် ကျော်ကိုသက်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဆတ်သွားနယ်မြေရဲတပ်ဖွဲ့စခန်း သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၆)နဲ့ အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။
သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013