
တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံနေရာ အတော်များများမှာ စက်တင်ဘာ ၁၃ မှ ၁၅ ရက်နေ့ထိ ၃ ရက်အတွင်း မိုးသည်းထန်နိုင်တယ်လို့ ထိုင်းနိုင်ငံမိုးလေ၀သနဲ့ ဇလဗေဒဌာနက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။
အဆိုပါဒေသတွေမှာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘန်ကောက် အနီးတ၀ိုက်တို့ ဖြစ်ပြီး အထူးသဖြင့် ချင်းမိုင်၊ ချင်းရိုင်း၊ ဖယောဝ်း၊ ဖရဲ့၊ နန့်၊ ဥဒရာဒေ့ခ်ျ၊ ဗိစနုလုတ်၊ ဖစ်ချဘွန်း၊ လွေး၊ လွဲ့အစ်၊ ချိုင်းယဖုမ်း၊ နခွန်းရာ့ခ်ျဆီမား၊ ဘူရီရမ်၊ ပရာကျင်းပူရီ၊ ချွန်းပူရီ၊ လယောင်း၊ ကျန်ထပူရီ၊ တလတ် စတဲ့ခရိုင်တွေဖြစ်ကာ ဘန်ကောက်အနီးတ၀ိုက်မှာ ရွာရန်ရွာနှုန်း ၈၀ ရှိမယ်လို့ အမ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။











