DVB Logo
Home
မြန်မာသတင်း
မြန်မာသူနာပြုထံက ကျပ်ငွေသိန်း ၂၀၀ နီးပါး ခါးပိုက်နှိုက်သူကို ထိုင်းတွင် ဖမ်းမိ
DVB
·
September 11, 2016
မြန်မာသူနာပြုထံက ကျပ်ငွေသိန်း ၂၀၀ နီးပါး ခါးပိုက်နှိုက်သူကို ထိုင်းတွင် ဖမ်းမိ
Donate to DVB

ဘန်ကောက်က စားသောက်ဆိုင်မှာ မြန်မာသူနာပြုဆီက ဘတ် ၆ သိန်း(မြန်မာငွေ သိန်း ၂၀၀ နီးပါး)ဖိုး ခါးပိုက်နှိုက်ခဲ့လို့ အသက် ၂၇ နှစ် အရွယ် အမျိုးသားတဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဆုန်ကရန်မ်ချန်နမကို သောကြာနေ့က ခိုးမှုနဲ့ ဘန်ကောက်မှာ ဖမ်းဆီးထားတယ်လို့ မြို့တော် ရဲဌာနရဲ့ ဒုရဲချုပ် စုမ်ဖုန်(င်)ချင်ဒေါင်မှ ခိုးရာပါပစ္စည်းတွေကို ခင်းကျင်းပြသထားပြီး စနေနေ့ သတင်းမှာ ပြောကြားခဲ့တာပါ။

ဒါပေမယ့်လည်း ယခုဖမ်းဆီးခံရသူက ဝန်ကြီးချုပ်ညွှန်ကြားထားတဲ့ ပြီးခဲ့တဲ့အပတ်က အဲဒီနေရာဝန်းကျင်မှာ လမ်းလျှောက်ခဲ့လို့ သံသယရှိခဲ့ရသူတွေနဲ့တော့ ကိုက်ညီမှုမရှိပါဘူး။

စက်တင်ဘာလ ၃ ရက်နေ့ညမှာ အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်တဲ့ မြန်မာသူနာပြုဆရာမက ပရက်တူနမ် ဝန်းကျင်က စားသောက်ဆိုင် တဆိုင်မှာ စားသောက်နေတုန်း ထိုင်းဘတ် ၆ သိန်းနဲ့ညီမျှတဲ့ အမေရိကန်ဒေါ်လာတွေ၊ စိန်လက်စွပ်တွေ စိန်ဆွဲကြိုးတကုံး ရွှေလက်ကောက် အပျော့တွေနဲ့ ရွေဆွဲကြိုးတွေပါတဲ့ သူမရဲ့ အိတ်ကို အမျိုးသားတဦးက ခါးပိုက်နှိုက်ခဲ့တယ်လို့ ဒီသူနာပြုက တိုင်တန်းခဲ့တဲ့အတွက် ဒီဖမ်းဆီးခံရမှု ဖြစ်လာတာပါ။

ခါးပိုက်နှိုက်ခံရတဲ့ မြန်မာသူနာပြုဆရာမဟာ သူမရဲ့လက်ထပ်ပွဲအတွက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီးနောက် ထိုင်းနိုင်ငံကို ဝင်ရောက်လည်ပတ်ခဲ့တာပါ။

ဒီခိုးခံရတဲ့ ရတနာပစ္စည်းတွေနဲ့ ငွေတွေဟာ သူမရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာလက်ဖွဲ့ ရခဲ့တာဖြစ်ကြောင်း ရဲကို ပြောခဲ့ပြီး ဖရထိုင်းရဲဆီမှာ တိုင်းတန်းချက်ဖြည့်ပြီးနောက် မြန်မာသူနာပြုဆရာမဟာ အင်္ဂလန်နိုင်ငံကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ခါးပိုက်နှိုက်ခံရတဲ့ မြန်မာသူနာပြုဆရာမဟာ ခိုးခံရတဲ့ ပစ္စည်းတွေကို စစ်ဆေးဖို့နဲ့ သံသယရှိ ဖမ်းဆီးခံထားရသူကို သိရှိဖို့ ဘန်ကောက်ကို ပြန်လာမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013